ကိုယ်ဝန်ဆောင်စဉ်မှာ အမျိုးသမီးအများစုဟာ ခြေဖဝါးနဲ့ ခြေကျင်းဝတ်များ ရောင်ရမ်းလေ့ရှိပါတယ်။ ထိုကဲ့သို့ ခြေထောက်ဖောယောင်ခြင်းများဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးများမှ ပိုလျှံသော အရည်များကြောင့် ဖြစ်ရပါတယ်။ ၎င်းအရည်များဟာ ခြေထောက်နဲ့ခြေကျင်းဝတ်အတွင်းမှာ သာမန်ထက်ပိုပြီး သွားရောက်စုဆောင်းနေတတ်လို့ ရောင်ရမ်းခြင်း ဖြစ်ပေါ်ရတာပါ။
ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် ပြောင်းလဲမှုများကလည်း တစ်ရှူးအတွင်း အရည်များကို ရွှေ့ပြောင်းပေးပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ကြီးထွားလာသော သားအိမ်ကြောင့် တင်ပါးဆုံတွင်း သွေးပြန်ကြောများကို ဖိအားပေးထားပါတယ်။ ၎င်းဖိအားဟာ ခြေထောက်မှ သွေးပြန်လာခြင်းကို နှေးကွေးစေပါတယ်။ သွေးပြန်ကြောများမှ ခြေထောက်နဲ့ခြေကျင်းဝတ် တစ်ရှူးများထံ သွေးများ စီးဆင်းစေပါတယ်။
ဒါ့ကြောင့် ကိုယ်ဝန်တတိယသုံးလပတ်မှာ ဖောယောင်ခြင်း ဖြစ်နိုင်ချေ အများဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။ ဖောယောင်ခြင်းကို ရေမြွာရည်များသော မိခင်လောင်းတွေမှာ အဖြစ်များပြီး တစ်နေ့တာကုန်ဆုံးချိန်နဲ့ နွေရာသီများမှာ ပိုမိုကိုက်ခဲ နာကျင်လေ့ရှိပါတယ်။
ဒီဝေဒနာများဟာ ရင်သွေးငယ်လေးကို မီးဖွားပြီးနောက်ပိုင်းမှာတော့ အရည်အပိုများ ခန္ဓာကိုယ်မှ ထွက်သွားတာကြောင့် ရောင်ရမ်းခြင်းကလည်း အလျင်အမြန် ပျောက်ကင်းသက်သာ သွားမှာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး