မေမေတေွ ရင်သေွးငယ်တေွကို နို့ချိုတိုက်ကျေှးတဲ့အခါ ကြုံတေွ့ရတတ်တဲ့ ပြဿနာတစ်ခုကတော့ ကလေးတေွက နို့သီးခေါင်းသွားဖုံး ဒါမှမဟုတ် ပေါက်ခါစ သွားတေွနဲ့ကျိတ်ခြင်း ကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလေးတေွ ပြောပြပေးထားပါတယ်။
သွားကျိတ်ခံရနိုင်သော အကြောင်းရင်းများ
--------------------------------------------------
၁။ နို့စို့ပြီးနောက် နို့သီးကို ဆက်လက်ငုံထားခြင်း
၂။ နို့စို့ချိန်တွင် ပြင်ပမှ အသံဖြစ်စေ လှု့ံဆော်မှုတစ်ခုကြောင့်ဖြစ်စေ နို့ဆက်မစို့တော့ခြင်း
၃။ နို့စို့ရင်း အိပ်ပျော်သွားခြင်း
၄။ နားပိုးဝင်ခြင်းနှင့် အအေးမိထားခြင်းကြောင့် ကလေးငယ်မှာ နို့စို့ရန်ခက်ခဲသည့်အတွက် နို့ကိုကျိတ်ပြီး ကိုက်ပြီး စို့ခြင်း
၅။ စူးစမ်းလိုစိတ်ဖြင့် နို့သီးခေါင်းကိုက်ခြင်း တို့ပဲ ဖြစ်ပါတယ်။
ကာကွယ်နိုင်ဖို့ နည်းလမ်းများ
---------------------------------------
ဒါဆို ဒါတေွကို ကာကွယ်နိုင်ဖို့ နည်းလမ်း ရ ခုကတော့-
၁။ မိမိရဲ့လက်သန်းကို ကလေးငယ်ရဲ့ အပေါ်သွားဖုံးနှင့် အောက်သွားဖုံးကြားထဲ ထည့်ထားပါ။
၂။ ကလေးငယ်မှ မိမိ နို့သီးခေါင်းကို စကိုက်မိပါက ရုတ်တရက် ဆွဲမထုတ်ပါနှင့်။ ပိုပြီး ကိုက်မိနိုင်ပါတယ်။
၃။ မိမိ နို့သီးခေါင်းအကိုက်ခံရပါက ရုတ်တရက ်မအော်ပါနှင့်။ ကလေးက မိမိအော်သံကို သေချာသိရန် ထပ်ပြီး ကိုက်တတ်ပါတယ်။
၄။ နို့သီး အကိုက်ခံရပါက ကလေးကို နို့တိုက်ရာမှ ခဏ ဖယ်ပြီး နားပေးခြင်းဖြင့် နို့သီးနာကျင်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
၅။ ကလေးကို အနေအထားမှန်မှန်ဖြင့် နို့တိုက်ပါ။ နို့တိုက်နေချိန် ကလေးနှင့် မျက်လုံးချင်းဆက်သွယ်ပါ။
၆။ နို့စို့ပြီးပါက ကလေးငယ်သွားကျိတ်ရန် အရုပ်ဖြစ်စေ တစ်ခုခုပေးထားပါ။
၇။ ကလေးကြီးလာပါက ဖြည့်စွက်စာကျေှးခြင်းဖြင့် နို့တိုက်သည့် အကြိမ်ရေ ကို လျေှာ့ချပါ။
နို့တိုက်ရမည့် အနေအထားမှန်များ
--------------------------------------
နို့တိုက်ရမည့် အနေအထားမှန်များမှာ-
၁။ ထိုင်လျက် သို့မဟုတ် လဲလျောင်းပြီး မိမိသက်တောင့်သက်သာရှိမည့် အနေအထားဖြင့် တိုက်ကျေှးပါ။
၂။ ခြေထောက်ကိုမြေှာက်ထားပြီး ခုံတစ်ခုပေါ်တင်ထားပါ။
၃။ မိမိပေါင်ပေါ်မှာ ခေါင်းအုံးများ တင်ထားခြင်းဖြင့် ကလေးငယ်ကို သက်တောင့်သက်သာ ရှိပါစေ။
၄။ နို့တိုက်နေချိန် မိမိကျောနောက်တွင် ခေါင်းအုံးများခုပြီး မှီပါ။
၅။ လဲလျောင်းပြီး တိုက်ပါက မိမိခေါင်းအောက်တွင် ခေါင်းအုံးများခုပါ။
၆။ နို့တိုက်နေစဉ် ကလေးကို မိမိ၀မ်းဗိုက်ဖက်သို့ မျက်နှာမူထားပါ။
၇။ ကလေး၏ မျက်နှာကို မိမိဘက်သို့လှည့်ထားခြင်းဖြင့် ကလေး၏ နှာခေါင်းနှင့် မိမိ နို့သီးခေါင်း တစ်တန်းတည်းရှိပါစေ။
၈။ ကလေးမှာ သူသက်တောင့်သက်သာရှိသော အနေအထားသို့ ရိှနေပါက မိမိမှ အနေအထား အတင်းသွားမပြင်ပါနှင့်။
ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတေွနဲ့ ကလေးငယ်နို့ကျိတ်ခြင်းကနေ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ အများအားဖြင့် မိခင်နို့ကို အသက် ၂ နှစ် အထိ တိုက်ကျေှးသင့်တယ်လို့ ဆရာဝန်များက အကြံပြုထားပါတယ်။
#Ref...Dr.Louis
#ရှမ်းပုတ်(မိုမိုလေး)