ချစ်ခင်လေးစား ရပါသော မေမေ၊ ဖေဖေတို့ ခင်ဗျား
ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် အော်ဒါများပို့ဆောင်ရာမှာ ခက်ခဲမှုတွေဖြစ်ပေါ်နေပါတယ်။ ဖြစ်နိုင်ပါက ကျားလေး app မှ အော်ဒါတင်ပြီး နီးစပ်ရာ ကျားလေးဆိုင်များမှာ လာရောက်ယူပေးရန် မေတ္တာရပ်ခံလိုပါတယ်။ အဆင်သင့် ၅ မိနစ်အတွင်း အော်ဒါရယူနိုင်အောင် ကြိုတင်ပြင်ဆင်ပေးထားပါမယ်။
ဆိုင်လိပ်စာများမှာ
(1) ဝေဇယန္တရာ Showroom
အမှတ် ၆၉ ၊ ဝေဇယန္တာလမ်းမကြီး ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့။
(2) မရမ်းကုန်း Showroom
အမှတ် (103)၊ ရန်ကုန်အင်းစိန်လမ်းမ၊(2)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
(3) အလုံ Showroom
အမှတ် (၃၉၁)၊ ငုဝါလမ်းနှင့်ဆင်မင်းလမ်းကြား၊ အောက်ကြည့်မြင့်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းခေါ်ဆိုခြင်း၊ Facebook messenger များမှာလဲ ဆက်သွယ်မှု အခက်အခဲများ ဖြစ်ပေါ်နေပါတယ်။ ကျားလေး Android app နဲ့ iPhone app များကို အဓိက အသုံးပြု၍ အော်ဒါများ တင်ပေးစေလိုပါတယ်။
ဒီခက်ခဲတဲ့ ကာလအတွင်း မေမေ၊ ဖေဖေများကို အခြားအကူအညီများ ပေးနိုင်အောင်လဲ စီစဉ်လျှက်ရှိပါတယ်။ မကြာခင်ထပ်မံ ကြေငြာပေးသွားပါ့မယ်။
ကျားလေးရဲ့ ဝန်ဆောင်မှု အခြေအနေများကို ကျားလေး app ကနေ နေ့စဉ်ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။
မေမေ၊ ဖေဖေတို့အတွက် အမြဲကြိုးစားနေသော
ကျားလေး