• Q85p5fnjxlvewpeiuock Q85p5fnjxlvewpeiuock

ငါးပေါင်မုန့်စက်

42,000 Ks

ကျောင်းပြန်တက်ရတဲ့ အချိန်လေးရောက်ပြီဆိုတော့ snack time တွက်ဘဲဖြစ်ဖြစ်
Breakfast တွက်ဘဲဖြစ်ဖြစ် အားရှိ သန့်ရှင်း စေပြီး သားသားမီးမီး တိုင်းအကြိုက်တွေ့စေဖို့ ငါးပေါင်မုန့်လေး လုပ်ပေးကြမလား ??

ဒါလေးက ဒီမနက် ခေတ်ခေတ်လေးကျောင်းချိန်အမှီ လုပ်ပေးထားတာလေး
….ပူတင်းယိုနဲ့ငါးပေါင်မုန့်လေးပါရှင့်

လုပ်နည်းလေးလဲ အရမ်းလွယ်ကူရိုးရှင်းပြီး ပါဝင်ပစ္စည်းတွေက လက်တကမ်းအတွင်းရနိုင်ပါတဲ့အပြင် အာဟာရအုပ်စုဖြစ်တဲ့
ကြက်ဥ /နို့/ဂျုံ /ထောပတ် တွေနဲ့ အဓိက လုပ်တာမို့ အားလဲ ပြည့် စေပါတယ်…
မီးမလာရင်လဲ gas နဲ့ ဖြစ်ဖြစ်၊မီးသွေးမီးဖိုနဲ့ဖြစ်ဖြစ် ရပါတယ်ရှင်

လုပ်နည်းလေးလဲ ပြောပြမယ်
ကိုယ်တိုင်လုပ်တာလေးပါ ..professional လဲမဟုတ်သလိူ လုပ်နည်းအတိအကျလဲ မသိပေမဲ့ ကိုယ်လုပ်လို့အဆင်ပြေသွားတာလေးမို့ sharing လုပ်တာပါရှင်… လုပ်နည်းအမှန်သိရင်လဲ ဝေမျှပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဒီမေမေလုပ်ပုံလေးကတော့…..
ပူတင်းယိုအတွက်
ဘဲဥ ၂လုံး၊ထောပတ်၊သကြားတို့ကိုအချိုခန့်မှန်း ပြီးအရင်ဆုံး မီးအေးအေးနဲ့ အပူပေး ယိုထိုးလိုက်ပါတယ်။
ပြီးမှ
ပေါင်မုန့်သားအတွက်…..
ကြက်ဥ ၂လုံး
Bread flour ထမင်းစားဇွန်း ၄ဇွန်း မောက်မောက်
နို့က ကိုယ်ရောင်းတဲ့ nestle နို့လေး တစ်ဘူး ထည့်တာ ကွက်တိ ဘဲမို့ 140ml ပေါ့နော်…
၃မျိုးကို သမအောက်ခလောက်ပြီး အိုးကို ထောပတ်သုတ် အပူလေးနည်းနည်းပေး ပြီးတော့ မုန့်သားလောင်းထည့်တယ် ယို ထည့်တယ် အပေါ်က မုန့်သားပြန်အုပ်ပြီး
Gas မီးဖိုနဲ့ ဘဲ မီးအေးအေးနဲ့ အပေါ်အောက် တစ်ဖက်စီ ဖုတ်ပါတယ်…ပြီးရင် ဒီ မေမေက mayonnaise လေးအပေါ်ကစမ်းပေးလိုက်တယ်.. မစမ်းလဲရတယ်။ Baby Tomato Ketchup လေးစမ်းရင် ပို စားလို့ကောင်းတယ် … လိုချင်ရင် ရောင်းပေးပါတယ်ရဇင် ကလေး တစ်နှစ်သားကနေစစားလို့ရပါတယ်ရှင်။လောလောဆယ် ကုန်နေလို့ mayonnaise လေးစမ်းပေးထားတာပါ…

အရမ်းလွယ်သလောက် စားလို့လဲ ကောင်း ..ကလေးတွေလဲ အရမ်းကြိုက် သန့်ရှင်းပြိီး အားလဲပြည့်..အကုန်အကျလဲသက်သာ အဆင်ကိုပြေလို့ 🥰

ဒီပိုစ့်လေးက စျေးရောင်းတာထက် မုန့်လေးအဆင်ပြေကောင်း နဲ့ လုပ်ပုံလုပ်နည်းလေးတွေ sharing ပေးတာကြောင့် မုန့်ကိုဘဲ အသားပေးတင်ထားတာပါ။ လိုအပ်တာတွေ ရောင်းပေးပါတယ်နော်😍



Code: KMM34588

tracker id: 0 (on) #34588