Philips AVENT အမှတ်တံဆိပ် Electric Steam Sterilizerဟာ ဆိုရင် အရည်သွေးမြင့် 2 in 1 နို့ဗူး ပေါင်းခံ ပိုးသတ်စက်လေး ဖြစ်ပါတယ်။ နို့ဘူး၊teats, caps နဲ့ breast pumps စတာတွေအပြင် ကလေးငယ်ကို အစာကျွေးတဲ့ ကလေးပန်းကန်ခွက်တွေကိုလည်း ပေါင်းခံ ပိုးသတ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ တစ်ကြိမ် ပိုးသတ်ရင် 11Oz / 33ml ပုလင်း (၅) ဗူး အထိ တပြိုင်တည်း ဆန့်ဝင်ပါတယ်။
(၁၀) မိနစ်အတွင်း ၉၉.၉၉% အထိ ပေါင်းခံပိုးသတ် သန့်စင်ပေးနိုင်တာမို့ အလုပ်များတဲ့ မေမေတွေကို အလုပ်မရှုပ်စေဘဲ အချိန်ကုန်သက်သာပြီး မြန်ဆန်စွာ အလုပ်ပြီးမြောက် စေမှာပါ။ (၁၀) မိနစ်ပြည့်တာနဲ့ အလိုအလျောက် ပိတ်နိုင်တဲ့ စနစ်ဖြစ်တာကြောင့် စော့င်နေစရာမလိုတဲ့အပြင် မီတာခလည်း ချွေတာပြီးသား ဖြစ်စေမှာပါ။
ပေါင်းခံပိုးသတ်ထားတဲ့ ပစ္စည်းတွေကို အအေးခံတဲ့ အဆင့်မြင့် လုပ်ဆောင်ချက်လည်းပါပြီး အေးသွားတဲ့အခါ ထုတ်ယူနိုင်ကြောင်းကို အလိုအလျောက် အချက်ပြစနစ် ပါတဲ့အပြင် အချိန်မအားသေးလို့ မထုတ်ယူနိုင်တဲ့အခါ ပေါင်းခံ ပိုးသတ်ထားတဲ့ အာနိသင်ကို (၂၄) နာရီအထိ ထိန်းထားနိုင်ကာ လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်ပါတယ်။
အသုံးပြုပုံ
၁။ ပေါင်းခံအောက်ခြေခွက်ထဲတွင် ရေ 100ml ထည့်ပါ။
၂။ နို့ဗူးနှင့် ကလေးအသုံးအဆောင်များကို ထည့်ရမည့် နေရာမှာအစီအရီထည့်ပါ။
၃။ ပြီးလျှင် အောက်ခြေမှာရှိသော ခလုတ်ကို ဖွင့်ပေးပါ။
၄။ (၁၀) မိနစ်ပြည့်လျှင် အလိုအလျောက် ခလုတ်ပိတ်သွားပါမည်။
၅။ ထည့်ထားသော ပစ္စည်းများ အအေးခံပြီးလျှင် အချက်ပြပေးပါသည်။
- Philips AVENT 2-in-1 Electric Steam Sterilizer
- Material - Polypropylene
- Dimensions - 260 x 308 x 180 mm (W x D x H)
- Weight - 1.5Kg
- Voltage - 220V
- မည်သည့် ကလေးနို့ဗူးမဆို ပေါင်းနိုင်ခြင်း။
- ပိုးမွှားများကို 99.99% သေစေနိုင်ခြင်း။
- Country of Origin - Turkey.
Code: 8710103699330
tracker id: 1 #1517