• Lqq8j2hvxgsyp3vdtnox Lqq8j2hvxgsyp3vdtnox
  • Kkmtwq7pqjyrcwpuqzfb Kkmtwq7pqjyrcwpuqzfb
  • J73udygg4ys2mipnabth J73udygg4ys2mipnabth
  • Mg8jwm0ii9rcqvzytgfy Mg8jwm0ii9rcqvzytgfy
  • Gtpliihmwokkl7gdasnq Gtpliihmwokkl7gdasnq
  • Npcgmarwxp4dtx4sz3bw Npcgmarwxp4dtx4sz3bw
  • Thmnekfdpjt60utn1fxy Thmnekfdpjt60utn1fxy
  • Twq2s6zxm11l14s9vojh Twq2s6zxm11l14s9vojh

Dodo love Feeding Chair

120,000 Ks

ဘေဘီလေး ၆ လပြည့်ဖြည့်စွက်စာကျွေးဖို့ဈေးသင့်တင့်တဲ့ထမင်းစားခုံလေးရှာပေးပါလို့မေမေတို့ ပူဆာကျလို့ 𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 𝐟𝐞𝐞𝐝𝐢𝐧𝐠 𝐜𝐡𝐚𝐢𝐫 လေးလာပါပြီ
ဖြည့်စွက်စာ စကျွေးထဲကသူ့ခုံလေးနဲ့သူ သတ်သတ်မှတ်မှတ်ကျွေးမှ နောက်ကျရင်လဲထမင်းစားချိန်ဆိုသူ့ဟာသူစနစ်တကျစားတတ်မှာပါ
စကျွေးထဲကသူသွားလေရာလိုက်ကျွေး..အပြင်ထွက်ကျွေးတာမျိုးတွေလုပ်ခဲ့ရင် နောက်ကျမှ train ဖို့ဆိုတာမလွယ်ပါဘူးမေမေတို့ရေ
အနာဂတ်မှာအစားကိုကောင်းကောင်းနဲ့စနစ်တကျစားတတ်မယ့်သားသားမီးမီးလေးတွေဖြစ်ဖို့ feeding chair လေးကဝယ်ကိုဝယ်သင့်ပါတယ်နော်
Dodo Love ထမင်းစားခုံလေးရဲ့ထူးခြားချက်က ပုံစံ ၃ မျိုးပြောင်းဆင်လို့ရလို့ ၁ခုထဲဝယ်ပြီး အမြင့်ကောအနှိမ့်ကောသုံးလို့ရတယ်နော်✌🏻
ထမင်းစားဗန်းက ၂ ထပ်ပါလို့ စားနေရင်အရမ်းပေပွရင် တခုဖြုတ်ဆေးလို့ရလို့အဆင်ပြေပါတယ်
ဗန်းကိုအကျဥ်းအကျယ် adjust လုပ်လို့ရလို့ ဘေဘီလေးထိုင်ရတာကျပ်နေမှာမပူရဘူးနော်
ခါးပတ်ကလဲ 5 points safety harness နဲ့ဆိုတော့ အဆော့သန်တဲ့ဘေဘီလေးတွေအတွက်စိတ်ချရတာပေါ့
ထိုင်ခုံအစွတ်က ပေါ့ပါးတဲ့ PU leather နဲ့လုပ်ထားလို့အကြမ်းခံပြီး သန့်ရှင်းရေးလုပ်ရလွယ်ကူတယ်
ရွေးချယ်စရာအရောင်လေးတွေက နုနုလွင်လွင်လေးတွေပဲမို့ အကောင်ပလောင်ရှိရင်ချက်ချင်းမြင်ရစေမှာပါ
အောက်မှာ ပစ္စည်းထည့်ဖို့အိတ်လေးပါလို့ wet tissue တို့ဘာတို့ထည့်ထားလို့ရတယ်နော်
အားနဲချက်ကတော့ Mothersbaby တံဆိပ်လိုမျိုးနောက်မှီကလှန်လို့မရပါဘူး..



Code: LW17176

tracker id: 0 (on) #17176