• Bqxajqxzuovve1nq39l3 Bqxajqxzuovve1nq39l3

ငရုတ်ကောင်းမှုန့် 70 g

5,300 Ks

ငရုတ်ကောင်းမှုန့် 70 g လေးကတော့ ဘာ ဓာတုပစ္စည်းမှ မပါဝင်သော Organic သီးသန့်ပဲ ဖြစ်ပါတယ်ရှင့်။

Organic အသုံးပြုခြင်းရဲ့ကောင်းကျိုးများ
စိုက်ပျိုးရေးမှာ ဓာတုဆေးဝါးပစ္စည်းတွေ အလွန်အကျွံသုံးစွဲလာတာနဲ့အမျှ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Organic စားသောက်ကုန်တွေ နည်းပါလာပါတယ်။ ဓာတုဆေးဝါးတွေပါဝင်တဲ့ အစားအသောက်တွေ ကို မကြာခဏစားသုံးမိတဲ့အခါမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထက် ဘေးထွက်ဆိုးကျိုးတွေကို ပိုပြီးကြုံတွေရနိုင်ပါတယ်။ Organic အစားအသောက်တွေကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ အဆိပ်အတောက်တွေမပါဝင်ဘဲ သဘာဝရဲ့အာဟာရဓာတ်တွေကို အပြည့်အဝရရှိစေပြီး ကိုယ်ခန္ဓာအတွက် ကောင်းကျိုးပြုစေမှာဖြစ်ပါတယ်။
အရင်ဆုံး သဘာဝစိုက်ပျိုးရေး၊ ဓာတုလွတ်စိုက်ပျိုးရေး တွေဟာ Organic Farming နဲ့ ဘယ်လိုမျိုး မတူကြောင်းကို ရှင်းပြပေးပါမယ်နော်။ Organic Farming ဆိုတာ ဓာတုပစ္စည်း လုံးဝမပါဝင်ရုံသာမက စိုက်ပျိုးတဲ့ ရေ၊မြေမှာပါ ဓာတုဒြပ်ကြွင်း အာနိသင် လုံးဝကင်းရှင်း နေဖို့လိုအပ်ပါတယ်။ စိုက်ပျိုးချိန်အပြင် ခူးဆွတ်သိုလှောင်တဲ့အချိန်၊ ထုတ်လုပ်ချိန်တွေမှာပါ နည်းစနစ်ကျကျ တိကျမှန်ကန်စွာ ထိန်သိမ်းထားမှသာ Organic စစ်စစ်ဖြစ်တယ်လို့ခေါ်ဆိုနိုင်မှာပါ။
စိုက်ပျိုးတဲ့မြေနေရာကိုလည်း ဓာတုစိုက်ခင်းတွေနဲ့ ဝေးကွားတဲ့နေရာမျိုးကိုရွေးချယ်ရပြီး ရွက်ဖြန်းဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတို့ကိုလည်း Organic တွေကိုပဲ အသုံးပြုရတာဖြစ်ပါတယ်။ ဒီလိုမျိုး Organic ထုတ်ကုန်တွေဟာ အသေအချာ စိုက်ပျိုးထုတ်လုပ်ရတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ အဆင့်ဆင့်စမ်းသပ်စစ်ဆေးပြီးမှသာ ထောက်ခံချက်လက်မှတ်ရရှိနိုင်တာဖြစ်ပါတယ်။
Organic တွေကိုစားသုံးရင် ရရှိလာနိုင်မယ့် ကောင်းကျိုးတွေကတော့
Antioxidant ပေါများကြွယ်ဝခြင်း
Organic အစားအစာတွေမှာ Antioxidant တွေပေါကြွယ်ဝတဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ကာကွယ်ပေးပြီး ဆဲလ် ပျက်စီးမှုကို လျော့ချကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ နာမကျန်းဖြစ်ခြင်း၊ ရောဂါကူးစက်ခံရခြင်းတို့ အလွယ်တကူမဖြစ်စေဘဲ ကျန်းမာရေးကောင်းမွန်နေစေမှာပါ။📌ကိုယ်ခံအားစနစ်ပိုမိုတိုးတက်ကောင်းမွန်စေခြင်း
Organic မဟုတ်တဲ့ အစားအစာ သို့မဟုတ် ပြုပြင်ပြောင်းလဲထားတဲ့အစားအစာတွေဟာ နေ့စဉ်စားသုံးနေတာနဲ့အမျှ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။ အော်ဂဲနစ် အစားအစာမှာတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဘဲ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။
ဓာတုပါဝင်မှုလျော့ချပြီး ကိုယ်ခန္ဓာအတွက်ပိုမိုကောင်းမွန်စေခြင်း
Organic အစားအစာတွေဟာ အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေ စားသုံးတဲ့အခါမှာ ကိုယ်တွင်းကို အဆိပ်အတောက်တွေမဝင်စေဘဲ ကောင်းကောင်းမွန်မွန်ကြီးထွားဖွံဖြိုးဖို့ အထောက်အကူပြုစေပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြည့်အဝရရှိစေနိုင်မှာဖြစ်ပါတယ်။
အလှူ့အမနဲ့အတူ အော်ဂဲနစ်အစားအစာတွေများများစားပြီး ကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။



Code: MDM005

tracker id: 0 (on) #19678