• Jc0eaoamgufywdelpdfn Jc0eaoamgufywdelpdfn

Apple Monkey Flowering Puff (1Yr+)

9,555 Ks

နို့စိမ်စား puff လေးတွေပါ 🤤🤤

👼🏻ဘေဘီလေးတို့စားတဲ့ Snacks တွေအမျိုးမျိုးထဲမှာမှ ဒီလို ချစ်ဖို့ကောင်းတဲ့ မုန့်ဒီဇိုင်းပုံစံအဆန်းနဲ့ Flowering snack လေးကို တွေ့ဖူးကြပါလားနော်?

🌟Snacks တွေထဲမှာ လုံးဝပုံစံတူမရှိသလောက်ကို ဆန်းသစ်ပြီး အရသာလဲရှိတဲ့ Apple Monkey က Flowering လေးကို ဘေဘီလေးတွေအတွက် ဝယ်ကျွေးဖူးကြပြီလား ဖေဖေမေမေတို့…

👼🏻ဘေဘီလေးတွေဟာ အသက်၁နှစ်နဲ့အထက်ဝန်းကျင်မှာ အရင်ကထက်လဲ အစားအစာတွေပိုပြီး ဝါးစားတတ်လာပြီး အစာမျိုချရာမှာလဲ အခက်အခဲမရှိတော့သလောက် အဆင်ပြေလာချိန်ပါ.. တစ်ဆက်ထဲမှာပဲ သူတို့ရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစာအာဟာရအစုံကို စားသုံးပေးရမယ့်အချိန်လဲဖြစ်ပါတယ်..

🌸ဒီ Apple Monkey လေးက Flowering Puff လေးကို EU Certified Organic Thai Jasmine Brown rice, Corn နဲ့ Organic Freeze-dried fruit powder တို့ကိုရောစပ်ကာ ဘေဘီလေးတို့ အရသာတွေ့အကြိုက်ဖြစ်စေမယ့် Vitamin B, Vitamin C, Fiber, သံဓာတ် နဲ့ အခြားသော အာဟာရဓာတ်စုံလင်စွာပါဝင်တဲ့ အသီးအနှံလေးတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက် ဖေဖေမေမေတို့ရဲ့ ချစ်သဲတုန်လေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝစေပြီး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေမှာပါ

🌸ဒါ့အပြင် Flowering လေးတွေကို ကြော်ထားတာမဟုတ်ဘဲ Baked လုပ်ထားတာဖြစ်လို့ ဘေဘီလေးတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်စေပြီး fluffy texture လေးနဲ့ အရသာအစုံ ထုတ်လုပ်ပေးထားတော့ ဘေဘီလေးတို့ကိုယ်တိုင် အရသာအသစ်တွေကို မြည်းစမ်းနိုင်ပြီး အထိအတွေ့အတွက်လဲ ကိုယ်တိုင်ကိုင်စားနိုင်စေပြီး ပါးစပ်ထဲမှာပျော်ဝင်လွယ်စေတော့ အသက်အရွယ်အလိုက် လိုအပ်တဲ့ hand-eye coordination နဲ့ လှုပ်ရှားမှု Motor skills ✊️ တွေကိုပါ လေ့ကျင့်ပေးပြီးသားဖြစ်နေစေမှာပါနော်

🚫🚫ဆား/သကြား/အရသာမှုန့်/ဆိုးဆေး/ကြာရှည်ခံဆေးများကို လုံးဝထည့်သွင်းထားခြင်းမရှိဘဲ သဘာဝ Organic ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထုတ်လုပ်ထားတာဖြစ်လို့ Apple Monkey ရဲ့ ကိုယ်ပိုင် Signature ဖြစ်တဲ့ Organic Healthy Food လေးတွေကို စိတ်ချယုံကြည်စွာဝယ်ယူနိုင်ပါတယ်။

✨️✨️Premium ဖြစ်တဲ့အတွက် ထုတ်လုပ်တဲ့ Packaging ဘူးပုံစံကအစ သပ်ရပ်ပြီး ချစ်တဲ့သဲတုန်လေးတွေ အကြိုက် မျက်စိထဲထင်းနေစေမယ့် ချစ်စရာ Design ပုံလေးနဲ့ပါနော်
အရသာအနေနဲ့
Apple, Broccoli & Spinach 🍎🥦🍃
Banana & Peach 🍌🍑
Beetroot & Strawberry 🍠🍓 ဆိုပြီး အရသာအရောစပ် (၃)မျိုး ဝယ်ယူရရှိနိုင်ပါတယ်နော်



Code: ABS34672

tracker id: 0 (on) #34672