• W0amboi7tehxeabgxvx7 W0amboi7tehxeabgxvx7

Aptamil Profutura Growing Up Milk, Milk Powder, 6-12 Months, 800G, (Step 2)

43,000 Ks

Aptamil Profutura Growing Up Milk နို့မှုန့်ဟာ ကလေးတွေရဲ့အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှစ်ပေါင်း ၄၀ကျော် သုတေသနပြုချက်ဖြင့်ထုတ်လုပ်ထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ ကလေးအသက် ၆လမှ ၁နှစ်အထိတိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့ရဲ့ အနံ့အရသာနဲ့ အတူဆုံး ဖြစ်အောင် ထုတ်လုပ်ထားတဲ့ အပြင် အာဟာရဓာတ်တွေဖြစ်တဲ့ Iron, Omega 3, Vitamin A,C,D တို့ပါ၀င်ပါတယ်။
Omega 3 Fatty Acid ကတော့ ကလေးငယ်တို့ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ အာရုံကြော အားဖြည့်ပေးပြီး Vitamin D ပါ၀င်လို့ ကလေးငယ်တွေရဲ့ အရိုးနဲ့သွားတွေကို ခိုင်မာစေပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ အစာအိမ်အူလမ်းကြောင်းအတွက်လည်း အထူးကောင်းမွန်အောင် ထုတ်လုပ်ထားပါတယ်။

ဖျော်စပ်ပုံ ( နို့မှုန့်ဗူးတွင်ပါသော ဇွန်းဖြင့်သာ ချိန်တွယ်အသုံးပြုရန်လိုအပ်ပါတယ်)
တစ်ကြိမ်ဖျော်စပ်စာ နို့မှုန့်ဇွန်းအရေအတွက် " ၇" ဇွန်း - ရေပမာဏ "210ml (or) 7fl oz"

- တစ်နေ့သောက်သုံးသင့်သောပမာဏ "500ml-600ml"
( ကလေးတစ်ယောက်နဲ့ တစ်ယောက် စားသောက်မှု ပမာဏမတူနိုင်တဲ့ အတွက် အကြိမ်အရေအတွက် အနည်းအများကို ကျန်းမာရေး၀န်ထမ်းနဲ့တိုင်ပင်နိုင်ပါတယ်။)
- နို့ဗူးဖြင့်သော်လည်းကောင်း၊ ခွက်ဖြင့်သော်လည်းကောင်း တိုက်ကျွေးနိုင်ပါတယ်။

သတိပြုရန်
- တိုက်ကျွေးခါနီးမှသာဖျော်စပ်တိုက်ကျွေးပါ။ နို့အကျန်များကို ထပ်မံတိုက်ကျွေးခြင်းမပြုပဲ စွန့်ပစ်ပါ။
- Microwave နဲ့ လုံး၀အပူမပေးပါနဲ့။
- အသုံးပြုပြီးပါက အဖုံးကိုလုံအောင်ပိတ်ပြီး အေးမြခြောက်သွေ့သောနေရာတွင် သိမ်းပေးရန်။
- နို့မှုန့်ဘူးဖောက်ပြီးချိန်မှ လေးပတ်အတွင်းသာ တိုက်ကျွေးပေးပါ။
- မိခင်နို့မတိုက်ကျွေးသော နို့စို့ကလေးအတွက်သာ အသုံးပြုရန်ဖြစ်ပါတယ်။

-Aptamil Profutura Growing Up Milk, Milk Powder
- 800g
- Step 2
- ကလေးအသက် ၆လ မှ ၁နှစ်ထိ
- Iron, Omega 3, Vitamin A,C,D တို့ပါ၀င်ခြင်း
- Made In UK



Code: 4008976527831

tracker id: 3 #14558