ကလေးပုခက်လေးဟာဆိုရင် အလိုအလျောက်လွဲပေးနိုင်တဲ့ လှုပ်ပုခက်လေးဖြစ်ပြီး ကလေးမွေးစကနေ အသက်(၆)လအထိ အသုံးပြုလို့ရပါတယ်။ အလိုအလျောက်လွဲပေးနိုင်ဖို့ အဆင်ပြေတဲ့ Timer လေးကိုလည်း 15min, 30 min, 45min အဆင်ပြေသလို Remote နဲ့ချိန်ထားနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်လေးတွေကိုချော့သိပ်နိုင်စေဖို့ တီးလုံးသံလေးတွေပါ၀င်ပြီး Volume ကိုလည်းလိုသလိုအတိုးအလျှော့လုပ်နိုင်ပါတယ်။ တကယ်လို့အသုံးမပြုသေးဘူးဆိုရင် ခေါက်ထားလို့လည်းရသလို ကလေးငယ်တွေအိပ်တဲ့အခါမှာလည်း ခြင်မကိုက်မိစေဖို့ အမိုးဇာခြင်ထောင်လေးလည်းတပ်ဆင်ထားပါသေးတယ်။ ခြင်ထောင်ကိုလည်းမလိုအပ်ရင်ဖြုတ်ထားလို့ရပါတယ်။
သတိပြုရန်
- ပုခက်တပ်ဆင်တဲ့အခါ လိုအပ်တဲ့အဆက်တွေကို အံ၀င်အောင်သေချာစစ်ဆေးတပ်ဆင်ပေးဖို့လိုအပ်ပါတယ်။
သန့်ရှင်းနည်း
- ပလတ်စတစ်အပိုင်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်တဲ့အတိုင်း မှန်မှန်ပြုလုပ်ပေးနိုင်ပါတယ်။
- လျှပ်စစ်အစိတ်အပိုင်းတွေကို ရေမထိပါစေနဲ့။
- ပိတ်စအပိုင်းတွေကို ရေနဲ့လျှော်ဖွတ်ပြီး အခြောက်လှမ်းနိုင်ပါတယ်။
- Baby Cradle ကလေးပုခက်
- ကလေးမွေးစမှစပြီး အသက် (၆)လအထိ အသုံးပြုနိုင်ခြင်း
- အရွယ်အစား Length (65cm)* Width( 32cm)
- Made in China
Code: ZX1805T
tracker id: 1 #8478