• P4rvisimliggsywekfqb P4rvisimliggsywekfqb

616 Battery Car

350,000 Ks

ကလေးငယ်တို့ ကိုယ်တိုင်လည်းမောင်းနှင်နိုင်ပြီး ဖေဖေမေမေတို့လည်းတွန်းပေးလို့ရတဲ့ လျှပ်စစ်ကားလေးပဲဖြစ်ပါတယ်။ နှစ်ယောက်တည်းစီးလို့ရတဲ့ ကားလေးဖြစ်ပြီး ဘေးနှစ်ဖက်တွင်လည်း ကလေးမကျစေရန် တံခါးသဖွယ် ဖွင့်ပိတ်နိုင်တဲ့ တံခါးပေါက်ပါရှိပါတယ်။ ၉လမှ ၃နှစ်အရွယ်ထိ စီးနိုင်ပါတယ်။ သားသားမီးမီးလေးတွေ ကိုယ်တိုင်မောင်းနှင်နိုင်သလို ဖေဖေ မေမေ တို့ကနေပြီး Remote နဲ့ Control လုပ်ပြီး မောင်းနှင်ပေးလို့လည်း ရပါသည်။ ရိုးရိုးလျှပ်စစ်ကားကဲ့သို့ စီးနိုင်သည့်အပြင် Rocking ကဲ့သို့စီးနိုင်သော Function လည်းပါဝင်ပါသည်။ USB Charging စနစ်နဲ့ဖြစ်ပြီး( အားလုံးဝမရှိမှသာ ) ၁၀ - ၁၂ နာရီ အထိအားသွင်းပေးရပါတယ်။

ရီမုတ်နှင့် ကားချိတ်ဆက်ပုံ
- ရီမုတ်တွင်ပါဝင်သည့် " On/Off " ခလုတ်အား ဖွင့်ပါ။
- မီးလင်းလာပါက ရီမုတ်တွင်ပါဝင်သည့် " match code " ဆိုသည့်ခလုတ်အား ၃စက္ကန့်ခန့်ဖိထားပါ။
- ပြီးလျှင် ကားတွင်ပါဝင်သော " power " ခလုတ်အားဖွင့်လိုက်ပါက ကားနှင့် ရီမုတ်အော်တိုချိတ်သွားမည်ဖြစ်ပါသည်။

- 30 kg ထိစီးနိုင်ပါတယ်။
- Remote ပါဝင်ခြင်း။
- USB Charging စနစ်ဖြင့် အားသွင်းနိုင်ခြင်း။
- Rocking function အတွက် အနှေးအမြန်ချိန်နိုင်သောခလုတ်ပါရှိခြင်း။
- Remote အား AAA 2 လုံးထည့်ပြီး အသုံးပြုရပါမည်။
- အကြာကြီးအသုံးမပြုရင် အနည်းဆုံး တစ်လတစ်ကြိမ် အားသွင်းပါ။


- Made in China



Code: SKC616

tracker id: 1 #10961