Baby Shalom ကနေ ဘေဘီလေးတို့အတွက် အထူးချုပ်လုပ်ထားတဲ့ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ် အစုံလိုက်လေးဖြစ်ပါတယ်။ ချည်သားနဲ့ချုပ်လုပ်ထားပြီး အလွန်နူးညံ့တာမို့ မွေးကင်းစအရွယ်ကနေ စပြီး ဝတ်ဆင်ပေးနိုင်ပါတယ်။ ဘေဘီလေးတို့ရဲ့ ခေါင်းလေးနဲ့ ခြေလက်လေးတွေကို နွေးထွေးနေအောင်၊ မျက်နှာကို ဘေဘီလေးတို့လက်နဲ့ မတော်တဆကုတ်ခြစ်မိတာမျိုး မဖြစ်အောင် ဝတ်ဆင်ပေးထားဖို့ သင့်တော်ပါတယ်။
အစုံလိုက်လေးမို့ လက်ဆောင်ပေးဖို့လည်း သင့်တော်ပါတယ်။
Free size ဖြစ်တာမို့ မွေးစကနေ ၃ လအရွယ်ခန့်ထိ ကလေးလက်အရွယ်အစားပေါ်မူတည်ပြီး ဝတ်ဆင်ပေးနိုင်ပါတယ်။
- ဦးထုပ်၊ ခြေအိတ်၊ လက်အိတ် တစ်စုံ
- မွေးကင်းစအရွယ်မှ ၃ လအရွယ်အထိ ဝတ်ဆင်နိုင်ခြင်း
- Free Size
- ရရှိနိုင်သောအရောင်များ ပန်းရောင်၊ အနီ၊ ခရမ်း၊ အပြာ၊ အစိမ်း၊ လိမ္မော်
-Made in China
Code: BSLBS
tracker id: 2 #5807