• Q94hs4twjkeygqpryqbs Q94hs4twjkeygqpryqbs
  • Qi0bwjs3y0daqcoios4d Qi0bwjs3y0daqcoios4d
  • Vmow1hk9ghu1bqa6qa0k Vmow1hk9ghu1bqa6qa0k

ခြေအိတ်လက်အိတ် အစုံလိုက် (Gloves and sock)

1,400 Ks

နူးညံ့တဲ့ ခြေအိတ်လက်အိတ် အစုံလိုက် ကလေးတွေကို မွေးကင်းစ ကလေးလေးတွေ ၊ လသား အရွယ် ကလေးလေးတွေ အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မွေးကင်းစကလေးလေးတွေ၊ လသားအရွယ် ကလေးလေးတွေရဲ့ ခြေသည်းလက်သည်းလေးတွေက ရှည်လွယ်ပြီး ဇောင်းလေးတွေ ချွန်ထက်နေတတ်ပါတယ်။ ကလေးလေးတွေဟာ ကိုယ့်ရဲ့ လက်လေးတွေ၊ ခြေထောက်လေးတွေကို လိုသလို မထိခိုက်အောင် လှုပ်ရှားတတ်သေးတာ မဟုတ်လို့ တစ်ခါတလေ သူတို့မျက်နှာလေးတွေကို သူတို့ကိုယ်တိုင် လက်သည်းနဲ့ကုတ်ခြစ်မိပြီး နူးညံ့တဲ့ အရေပြားလေးတွေ ပွန်းပဲ့ သွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးတွေ၊ မျက်ခွံတွေကို ကုတ်ခြစ် မိမှာကိုလည်း စိုးရိမ်ရပါတယ်။ ဒီ ခြေအိတ် လက်အိတ်လေးတွေကို ဝတ်ပေးထားရင် အဲဒီလို ထိခိုက်မှုတွေက ကင်းဝေးစေပါတယ်။ ချွေးစုပ်ပြီး နူးညံ့ပျော့ပျောင်းတဲ့ပိတ်စလေးနဲ့ချုပ်လုပ်ထားပြီး မတင်းကျပ်တဲ့ သားရေကြိုးလေးနဲ့ စည်းနှောင်ဝတ်ထားလို့ရအောင် ထည့်သွင်းချုပ်လုပ်ထားလို့ အလိုက်သင့်လေးဝတ်ပေးထားနိုင်ပါတယ်။ လျှော်ဖွပ်သန့်စင်ပြီး အကြိမ်ကြိမ်ထပ်သုံးနိုင်ပါတယ်။

- ခြေအိတ် လက်အိတ် အစုံလိုက်ဖြစ်ပါတယ်။
- လျှော်ဖွပ်သန့်စင်လို့ရပါတယ်။
- Made in Thailand



Code: PLUST004

tracker id: 30 #14889