Baobaohao A1 ကလေးတွန်းလှည်းလေးဟာ မွေးစကနေ အသက်သုံးနှစ်အရွယ်ကလေးလေးတွေအထိ အသုံးပြုလို့ရပါတယ်။ 320 မီလီမီတာ (13 လက်မနီးပါး) ကျယ်ဝန်းလို့ ကလေးလေးကို စိတ်ချလက်ချ အဆင်ပြေပြေ ထည့်သွင်းအသုံးပြုလို့ရတဲ့ တွန်းလှည်းလေးပါပဲ။ ခါးပတ်သုံးဆင့်ပါဝင်လို့ စိတ်ချလုံခြုံမှုရှိစွာ အသုံးပြုလို့ရပါတယ်။ ထိုင်တဲ့ပုံစံကို မျိုးစုံပြောင်းလို့ရတဲ့ ကျောမီပါရှိပါတယ်။ ထိုင်လို့လည်းရပြီး အနည်းငယ် လဲလျောင်းလို့လည်းရလို့ ကလေးလေးအတွက် အင်မတန်အဆင်ပြေပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ကျယ်ဝန်းလုံခြုံပြီး ဖြုတ်လို့ တပ်လို့ရတဲ့ အမိုးလေးလည်း ပါရှိပါတယ်။ ပုခက်လေးကို ဖြုတ်ပြီးလျှော်လို့လည်းရပါတယ်။ ဘရိတ်လုပ်လို့ရတဲ့ Rare Wheels ဘီးများ ပါဝင်ပါတယ်။
-ကလေးလက်တွန်းလှည်း
- အသက်သုံးနှစ်အရွယ်ထိ အသုံးပြုနိုင်ခြင်း။
- အလေးချိန် 15 kg ပဲရှိလို့ ပေါ့ပါးခြင်း။
- အပြာရောင်။
- အလူမီနီယံ ဖရိန် ဖြစ်ခြင်း။
- Polyester အမျှင် ယက်လုပ်ထားသော ပုခက်။
- အာမခံမပါဝင်ပါ။
-Made in China
Code: KLPLA1
tracker id: 0 (on) #14423