• A7xwuzsbu3ogguqgutcp A7xwuzsbu3ogguqgutcp

Bio Oil (60 ml)

8,600 Ks

Bio Oil အဆီဟာသဘာဝသစ်ပင်မှရတဲ့ အဆီအနှစ်များ ဗီတာမင်များကို အဆီအဖြစ်ပြောင်းလဲထုတ်လုပ်ထားတာဖြစ်တယ်။ အဆီမှာ အောက်ဆီဂျင်ဓါတ်မပါဝင်လို့ မူလအပင်များရဲ့ အာနိသင်မလျော့ကျစေပါဘူး။ PurCellin ကဲ့သို့ ပစ္စည်းပါဝင်တာကြောင့် အဆီဖြစ်ပေမယ့် လိမ်းလိုက်ရင် စေးကပ်မှု မဖြစ်စေပဲ အသားအရေထဲစိမ့်ဝင်အောင်ကူညီပေးပါတယ်။ ကမ်မိုမိုင်းလ် ပန်း အဆီ နဲ့ထုတ်လုပ်ထားလို့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ကျား/ မ မရွေးအသုံးပြုနိုင်ပါတယ်။ အမာရွတ်များ၊ ဝက်ခြံများ၊ ကိုယ်ဝန်ဆောင်အကြောပြတ်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းကြောင့်ဖြစ်တဲ့ အရေပြားအကြောပြတ်ခြင်း၊ အရေပြားအရောင်မညီခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း များစတဲ့ အရေးပြားပြဿနာများအတွက် သင့်လျော်ပါတယ်။

Bio Oil အသုံးပြုပုံ
-လက်ချောင်းပေါ် (သို့) အရေးပြားပေါ်သို့ Bio Oil ကို တိုက်ရိုက်လိမ်းနိုင်ပါတယ်။
-စက္ကန့် (၃၀) နဲ့ အထက် အသားအရေထဲ အဆီများ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။
-ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်(၄)လ အကြာတွင်စပြီး အသုံးပြုနိုင်ပါတယ်။
-တနေ့ကို (၂) ကြိမ် လိမ်းပေးခြင်းဖြင့် (၃)လအကြာ တွင် ထိရောက်တဲ့ ထူးခြားမှုကို ရရှိစေပါတယ်။ သုံးစွဲသူတစ်ယောက်ချင်းစီအလိုက် ရလဒ်တွေကွဲပြားနိုင်ပါတယ်။

သတိပြုရန်
-ပြင်ပအရေပြားပေါ်တွင်သာလိမ်းရန်
-အနာပေါ်သို့တိုက်ရိုက်မလိမ်းရန်
-အရေးပြားယားယံလာပါက အသုံးပြုမှု ခတ္တရပ်ထားရန်
-ကလေးနဲ့ဝေးသောနေရာတွင်ထားရှိရန်
-နေရောင်နဲ့တိုက်ရိုက်‌ထိတွေ့သောနေရာတွင် မထားရန်
-မျက်လုံးထဲသို့မဝင်စေရန် သတိပြုပါ
-မတော်တဆ မျက်လုံးထဲ့သို့ဝင်ပါက ရေဖြင့်သေချာစွာဆေးကြောပေးရန်

- Bio Oil အသားအရေထိန်းသိမ်းမှုအဆီ
- တစ်ဗူးတွင် (60) မီလီမီတာပါ၀င်ခြင်း
- Dermatologist Tested( ဥရာပပါလီမန် နဲ့ အလှကုန်ဆိုင်ရာ ထုတ်ကုန်ကောင်စီ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ထုတ်လုပ်ထားခြင်း)
- Made in South Africa



Code: 6001159113881

tracker id: 16 #2752