Phillips Avent တံဆိပ် နို့ရည်သိမ်းဘူးဟာ တစ်ဘူးမှာ ၁၀ ခု ပါရှိပါတယ်။ တစ်ဘူးချင်းစီမှာ နို့ရည် 180ml/6oz သိမ်းနိုင်ပြီး ယိုစိမ့်မှုမရှိအောင်နဲ့ သယ်ယူချိန်မှာ ဖိတ်စင်မှုတွေမရှိအောင် လုံခြုံစိတ်ချရတဲ့ အလုံပိတ်အဖုံးများ ပါရှိပါတယ်။ နို့ရည်များကို သိမ်းဆည်းထားသည့် အချိန်နဲ့နေ့စွဲတွေကို ဘူးမျက်နှာပြင်ပေါ်မှာ အလွယ်တကူမှတ်ထားနိုင်သလို ဘူးတွေကို တစ်ခုအပေါ်တစ်ခုထပ်ပြီး ရေခဲသေတ္တာ သို့မဟုတ် freezer ထဲ သိမ်းဆည်းထားနိုင်ပါတယ်။
နို့သိမ်းဘူးနဲ့ဆက်စပ်ပြီး တခြား Philips Avent တံဆိပ် ပစ္စည်းတွေဖြစ်တဲ့ နို့သီးခေါင်း၊ နို့ညှစ်စက်တွေနဲ့ တွဲသုံးလို့ရအောင် convenient adapter နှစ်ခုလည်း ထည့်ပေးထားပါတယ်။ အလွယ်တကူဖြုတ်ပြီးဆေးကြောနိုင်သလို၊ ပေါင်းစက်နဲ့ ပန်းကန်ဆေးစက်တွေထဲလည်း ထည့်ဆေးလို့ရပါတယ်။ BPA free ဖြစ်တဲ့အတွက်ကြောင့် မွေးကင်းစကလေးအရွယ်မှစပြီး မိခင်နို့တိုက်ကျွေးဖို့ ပြင်ဆင်နေတဲ့မေမေတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ နို့သိမ်းဘူးပဲဖြစ်ပါတယ်။
-Philips Avent Breast Milk Storage Cups
-180ml/6oz သိမ်းဆည်းနိုင်သည့်ဘူး
-အဖုံး ၁၀ ခုပါဝင်ခြင်း
-Convenient adapter ၂ ခု ပါဝင်ခြင်း
-Made in England
Code: 8710103671596
tracker id: 7 #7150