• Prhdyptpcnh27dcmmuee Prhdyptpcnh27dcmmuee

Cute Baby Gloves Set , (New Born to 6 Months)

2,800 Ks

Cute Baby Gloves Set နူးညံ့တဲ့ ခြေအိတ်လက်အိတ်နဲ့ခေါင်းစွပ် ဝမ်းဆက် အစုံလိုက်လေးပါ။ မွေးကင်းစ အရွယ်ကနေ ခြောက်လသား အရွယ် ကလေးလေးတွေိအတွက် ဝတ်ဆင်ပေးလို့ရပါတယ်။ လသားအရွယ် ကလေးလေးတွေရဲ့ ခြေသည်းလက်သည်းလေးတွေက ရှည်လွယ်ပြီး ဇောင်းလေးတွေ ချွန်ထက်နေတာကြောင့် တစ်ခါတလေ သူတို့မျက်နှာလေးတွေကို သူတို့ကိုယ်တိုင် လက်သည်းနဲ့ကုတ်ခြစ်မိပြီး နူးညံ့တဲ့ အရေပြားလေးတွေ ပွန်းပဲ့ သွေးထွက်တာတွေ ထိခိုက်မိတာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးတွေ၊ မျက်ခွံတွေကို ကုတ်ခြစ် မိမှာကိုလည်း စိုးရိမ်ရပါတယ်။ ဒီ ခြေအိတ် လက်အိတ်လေးတွေကို ဝတ်ပေးထားရင် အဲဒီလို ထိခိုက်မှုတွေက ကင်းဝေးစေပါတယ်။ ချွေးစုပ်ပြီး နူးညံ့ပျော့ပျောင်းတဲ့ စွပ်ကျယ်စလေးနဲ့ချုပ်လုပ်ထားပြီး အချိန်ကြာကြာ ဝတ်ပေးထားလို့လည်း အဆင်ပြေပါတယ်။ ဝတ်ဆင်ရာမှာ မတင်းကျပ်တဲ့ အတွက် အလိုက်သင့်လေးဝတ်ပေးထားနိုင်ပါတယ်။ လျှော်ဖွပ်သန့်စင်ပြီး အကြိမ်ကြိမ်ထပ်သုံးနိုင်ပါတယ်။

-Cute Baby Gloves Set ခြေအိတ် လက်အိတ် အစုံလိုက်
- မွေးစမှ ခြောက်လအရွယ်ထိ ဝတ်ဆင်ရန် ဖြစ်ခြင်း
- ပန်းနု၊ အဝါ၊ အပြာ၊ အစိမ်းနု (၄)ရောင်ရနိုင်ခြင်း
- လျှော်ဖွပ်သန့်စင်လို့ရခြင်း
-Made in Vietnam



Code: CBG3

tracker id: 0 (on) #6287