• Uv9xwsjfnlyipoql9cxn Uv9xwsjfnlyipoql9cxn
  • Wqcwpjpbkwig8wqtgg0y Wqcwpjpbkwig8wqtgg0y

နနွင်းလုံးအကြီး

7,000 Ks

မီးနေသည်များ၏ မီးတွင်းကာလ မရှိမဖြစ်သက်စောင့်ဆေးဖြစ်ပါသည်။နနွင်းတွင်ပါဝင်သော အရောင်ကျစေသည့် အနာကျက်စေနိုင်သည့် ဓာတ်များကြောင့် ဒဏ်ကျေ၍ မီးတွင်းနလန်ထ လျင်မြန်စေပါသည်။ထို့ပြင် မိခင်အစားမှားပါက နို့ရည်တွင်ပါဝင်သွားမည့် အစာအဆိပ်များကို ချေဖျက်ပေးကာ နို့ရည်ကို ရွှင်စေပါသည်။နနွင်း၏ အနွေးဓာတ်ကြောင့် သွေးမလျှောက်၊လေမလျှောက်၊အသားပွ၊ဖောရောင်၊စိမ့်ဖျား၊ချမ်းဖျား၊ချွေးငုတ်၊သွေးပုတ်ခြင်းများ၊မီးတွင်းသွေးခဲခြင်းများ ပျောက်ကင်းစေနိုင်ပါသည်။ထို့ပြင် သားအိမ်ကျုံ့ဝပ်စေနိုင်သောအစွမ်းကြောင့် ဆီးအိမ်ကြီးခြင်း ဗိုက်စူခြင်း ကင်းဝေးကာ တစ်သားမွေး တစ်သွေးလှစေပါသည်။
သာမာန် အမျိုးသမီးများလည်း သွေးသန့်စင်ဆေးအဖြစ်သောက်သုံးနိုင်ပါသည်။ဓမ္မတာနည်းခြင်း၊ထိန်ခြင်း၊ရက်လွန်ခြင်း၊ဓမ္မတာလာစဉ် ကိုက်ခဲခြင်းများ အတွက်သောက်သုံးပါက သွေးသန့်စင်၍ အသားအရေ လှပစေပါသည်။

တစ်သွေးလှ၏ နနွင်းလုံးတွင် ပျားရည်မပါသဖြင့် ဆီးချို ဝေဒနာရှင် မီးနေသည်များ၊ပျားရည်နှင့် ဓာတ်မတည့်သူများ စိတ်ချစွာအသုံးပြုနိုင်ပါသည်။



Code: TTH19192

tracker id: 0 (on) #19192