• Yq6nrtetogn4majcvlsh Yq6nrtetogn4majcvlsh

Fiber Mate Kiddy (6mths+)

23,888 Ks

ဒါလေးအရမ်းကောင်း.. သမီးအငယ် ဝမ်းချုပ်ပြီးတအားညှစ်ရတဲ့အခါ ဒါလေးတိုက်လိုက်တာနဲ့ သက်သာသာသာ သွားလို့ရလို့ လက်ဆွဲသုံးနေတာလေးပါ.. နေ့စဥ်တိုက်ရင်တော့ ပိုကောင်းပါတယ်ရှင့်..

ဘေဘီလေးတွေ ဖြည့်စွက်စာ စားချိန်ကစပြီး ဝမ်းချုပ်တတ်တာကလဲ မေမေတို့အတွက် ပြသနာ တစ်ခုပါ.. ဘေဘီလေးလဲ နေရတာအဆင်မပြေ မေမေလဲ စိတ်ပူရနဲ့.. ဖြေရှင်းဖို့အတွက်ဆို Fiber Mate Kiddy လေး ရှိပါပြီရှင့်..

အသီးအရွက်နဲ့ ပဲက ရတဲ့အမျှင်ဓာတ်တွေနဲ့ ထုတ်လုပ်ထားတဲ့ သဘာဝ prebiotics အမှုန့်လေးတွေဖြစ်လို့ (၆) လအထက် သားသားမီးမီးလေးတွေစပြီး တိုက်နိုင်ပါတယ်..

အရောင်အနံ့အရသာမပါဝင်လို့ ရေ/ နွားနို့/ ဖြည့်စွက်စာ/ ခေါက်ဆွဲ/ ဆန်ပြုတ်/ စွတ်ပြုတ် ကြိုက်ရာအစားအစာထဲ ထည့်လို့ရပြီး လွယ်ကူစွာ တိုက်နိုင်ပါတယ်.. အပူအအေးကြောင့် အနံ့အရသာမပြောင်းလဲနိုင်ပါဘူးရှင့်..

Prebiotics ဟာဗိုက်ထဲမှာကောင်းတဲ့ ဘက်တီးရီးယားတွေတိုးပွားစေပြီး အူလမ်းကြောင်းလှုပ်ရှားမှုကို ထောက်ပံ့ပေးလို့ ဝမ်းမှန်စေပါတယ်..ဝမ်းနှုတ်ဆေး ဝမ်းပျော့ဆေးမဟုတ်ပဲ အမျှင်ဓာတ်ရအောင်ဖြည့်စွက်ပေးတာမျိုးမို့ စိတ်ချသုံးလို့ရပါတယ်..

🇹🇭𝐦𝐚𝐝𝐞 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 ပါ
𝐓𝐡𝐚𝐢 𝐅𝐃𝐀 အသိမှတ်ပြုထောက်ခံချက်တွေရထားပြီး ထိုင်းမှာလဲမေမေတွေကြားအရမ်းရောင်းရတဲ့ brand လေးပါနော်..

သုံးစွဲရန်အညွှန်း 👇👇
(6mth-3Yrs) ဇွန်း ၁ ဇွန်း
(4Yrs-6Yrs) ဇွန်း ၁ဇွန်းခွဲ
(7Yrs-12Yrs) ဇွန်း ၂ဇွန်း
(12Yrs+) ဇွန်း ၂ဇွန်းခွဲ
သူ့မှာ ပါတဲ့ ဇွန်းလေးနဲ့အသက်အလိုက် ချိန်ဆ တိုက်ရုံပါပဲရှင်..

‼️ အမှုန့်အတိုင်းကျွေးလို့မရပါဘူးနော်..စားသောက်စရာနှင့်ပဲ ရောကျွေးရပါတယ်..



Code: ABS22229

tracker id: 0 (on) #22229