• Lnjcxxrygjydej2mtwbd Lnjcxxrygjydej2mtwbd

Kendamil Origanic Cereal Banana, Strawberry & Oats, 7 Months Above, (150 g)

7,000 Ks

Kendamil Origanic Cereal ဖြည့်စွက်စာလေးဟာအသက် (၇)လနဲ့အထက် ကလေးတွေအတွက် အထူးထုတ်လုပ်ထားပါတယ်။ Artificial လို့ခေါ်တဲ့ လူလုပ်တဲ့ အရောင်၊အနံ့၊ အရသာနဲ့ ကြာရှည်ခံ ပစ္စည်းတွေလုံး၀မပါ၀င်ပါဘူး။ GMOနဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပစ္စည်း၊ ဆားနဲ့ သကြား စတာတွေ ထည့်သွင်းထားခြင်းလည်းမရှိပါ။ ဒါ့အပြင်ဟင်းသီးဟင်းရွက်ဆီ လို့ခေါ်တဲ့ စားအုန်းဆီ ထည့်အသုံးထားလို့ စိတ်ချယုံကြည်စွာ တိုက်ကျေးနိုင်ပါတယ်။
အင်္ဂလန်နိုင်ငံမှထွက်ရှိတဲ့ အရည်အသွေးမြင့် ကုန်ကြမ်းတွေနဲ့သာ အသုံးပြုထားပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ ပါ၀င်ခြင်းမရှိအောင် တင်းကြပ်စွာ စစ်ဆေးထားပါတယ်။ ကမ္ဘာပေါ်မှာ အစားအသောက်နဲ့ ပတ်သက်လို့ စည်းကမ်းအတင်းကြပ်ဆုံး BRC Certificate ကို A+ နဲ့ ရထားတာပါ။

ဖျော်စပ်ပုံ( ဗူးတွင်ပါသော နို့မှုန့်ဇွန်းဖြင့်သာ အသုံးပြုရန်)
- Kendamil ဖြည့်စွက်စာ 4gကို ဇွန်း ၅ဇွန်း- ရေကြက်သီးနွေး 60 ml ထည့်ပြီးကျေညက်အောင်ချေပေးရပါမယ်။
- အရသာပိုရှိအောင် Kendamil မလိုင်ပြည့်ကလေးနို့မှုန့် ၁ဇွန်းပါထည့်ပြီးဖျော်စပ်နိုင်ပါတယ်။

သောက်သုံးရန်
- ၇လနဲ့ အထက်ကလေးတွေအတွက် တိုက်ကျွေးရန်ပမာဏ တနေ့ ၂ကြိမ်
( ကလေးတစ်ယောက်နဲ့ တစ်ယောက် စားသောက်မှုပမာဏ မတူနိုင်သည့်အတွက် အကြိမ်အရေအတွက် အနည်းအများကို ကျန်းမာရေး၀န်ထမ်းနဲ့ တိုင်ပင်နိုင်ပါတယ်။)

-Kendamil Organic Cereal
- ကလေးအသက် ၇လနဲ့ အထက်သောက်သုံးနိုင်ခြင်း
- တစ်ဗူးတွင် 150g ပါ၀င်ခြင်း
- ဓာတုဆေး၀ါးများမပါရှိခြင်း
- အရောင်ဆိုးဆေးများမပါရှိခြင်း
-Made In Great Britain (UK)



Code: 5056000501271

tracker id: -3 #14798