Milna ဘီစကစ်လေးဟာ အသက် ၆လအထက် ကလေးငယ်များ စားသုံးရန်ဖြစ်ပြီး ကလေးငယ်လေးတွေ စားသုံးလို့ရအောင် အထူးစီမံထုတ်လုပ်ထားတဲ့ ဘီစကစ်လေးဖြစ်ပါတယ်။ ဆိုးဆေး၊ တာရှည်ခံဆေးများ မပါဝင်ပါ။ သံဓာတ်ပါဝင်လို့ သွေးအားကောင်းစေပါတယ်။ ကယ်လ်စီယမ်ပါဝင်လို့ အရိုး၊ သွားများကို ခိုင်မာစေပါတယ်။ Vitamin C ပါဝင်လို့ သံဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူမှုကို ကောင်းမွန်စေပြီး ကြံ့ခိုင်ကျန်းမာစေပါတယ်။
ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှု အတွက််မဖြစ်မနေလိုအပ်သည့် Arachidonic acid (ARA) နှင့် DHA လည်းပါဝင်ပါတယ်။ ကလေးလေးတို့ သွားရည်စာအဖြစ် စားသုံးဖို့အတွက် ကောင်းမွန်ပြည့်စုံတဲ့ အာဟာရများစွာပါဝင်တဲ့ ဘီစကစ်လေးဖြစ်ပြီး ကျွေးရလွယ်ပြီး ကလေးများကြိုက်လို့ မေမေတို့လည်း သဘောကျမှာပါ။ Halal ထုတ်ကုန်ဖြစ်လို့ လူမျိုးဘာသာမရွေးစားသုံးလို့လည်း ရပါတယ်။
ကျွေးမွေးရန် အညွှန်း -
ဘီစကစ်(၂)ချပ်ကို သန့်စင်သော ပန်းကန်လုံးထဲသို့ထည့်ပါ။
ရေနွေး (၇၀ ဒီကရီစင်တီဂရိတ်) သို့မဟုတ် နို့မှုန့်၊ မိခင်နို့ရည်နှင့်လည်းရောစပ်ကျွေးမွေးနိုင်ပါသည်။
မျက်နှာပြင်နူးညံ့သွားသည်အထိ နှံ့စပ်အောင်မွှေပါ။ ပူနွေးနေချိန်မှာ အရသာအရှိဆုံးမို့ ပူပူနွေးနွေးလေးကျွေးမွေးပါ။
- Milna Baby Biscuit Original ကလေးဘီစကစ်
- အသက် (၆)လအထက်မှ စကျွေးလို့ရခြင်း။
- တစ်ထုပ်လျှင် (၁၃၀) ဂရမ်ပါဝင်ခြင်း။
- Calcuim, Vitamin C, Iron, Vitamin D, ARA, DHA ပါဝင်ခြင်း။
- Halal ထုတ်ကုန်ဖြစ်ခြင်း။
-Made in Indonesia
Code: 8992802315074
tracker id: 0 #6253