• Iwrfqzbtowr2xjugqyt0 Iwrfqzbtowr2xjugqyt0

Milna Chicken & Carrot Soup Cereal 120g (6 -24Months) ( Exp:5.10.2023)

5,550 Ks


Milna Baby Cereal မေလ်နာ ကလေးဖြည့်စွက်အာဟာရမှုန့်လေးဟာ 6-လနဲ့အထက်ရှိတဲ့ကလေးငယ်လေးတွေ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုက်ကျွေးရတဲ့ ကလေးဖြည့်စွက်အာဟာရမှုန့်လေးဖြစ်ပါတယ်။ ရွှေဖရုံသီး မုံလာဥနီနဲ့ ကြက်သားတို့ပေါင်းစပ်ထားတဲ့ အရသာလေးဖြစ်တဲ့အပြင် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် 12-မျိုး နဲ့ သတ္တုဓာတ် 10-မျိုးတို့လည်း ပါ၀င်ပါတယ်။ ဦးနှောက်နဲ့မျက်စိအာရုံကြောကောင်းမွန်စေတဲ့ DHA ပါ၀င်ရုံသာမက ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုအထောက်အကူပေးတဲ့ Omega3, Omega6 တို့လည်းပါ၀င်ပါတယ်။ ဒါ့အပြင် ကလေးငယ်လေးတွေရဲ့ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ Prebiotic (FOS) အမျှင်ဓာတ်နဲ့ အရိုးနဲ့သွားများသန်မာစေတဲ့ ကယ်လစီယမ် လည်းပါ၀င်တာကြောင့် ကလေးငယ်လေးတွေအတွက် အထူးသင့်တော်ပါတယ်။ အရောင်ဆိုးဆေးနဲ့တာရှည်ခံဆေးတွေ လုံး၀မပါ၀င်တဲ့ Milna Baby Cereal ကိုစိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ
-လက်ကို သေချာစွာ သန့်ရှင်း ဆေးကြောပါ။
-အိုး၊ ခွက်နှင့် ဇွန်း အပါအဝင် တန်ဆာပလာများကို ရောဂါပိုးမွှားကင်းစင်စေရန် (Sterilize) လုပ်ပါ။ စားပွဲတင်ဇွန်း(၅) ဇွန်းကို ရေနွေး (၁၆၀) မီလီ (၇၀ စင်တီဂရိတ်ခန့်) နှင့် ဖျော်စပ်အသုံးပြုပါ။
-6-လနဲ့ အထက်ကလေးငယ်များကို တစ်နေ့ '၂ ' ကြိမ် တိုက်ကျွေးနိုင်ပါသည်။

သတိပြုရန်
-ပန်းကန်လုံးနှင့် ဇွန်းကို အသုံးပြု၍ နို့မှုန့်နှင့်ရေနွေးကို သမအောင် ရောမွှေပြီး ကျွေးပါ။ ကြွင်းကျန်သည်များကို နောက်တစ်ကြိမ် အသုံးမပြုရပါ။ အကျန်များကို စွန့်ပစ်ပါ။
-ဗူးကို ဖွင့်ပြီးသည့် အခါတိုင်း လေလုံအောင် လုံခြုံစွာ ပြန်ပိတ်ပါ။
-အေး၍ ခြောက်သွေ့သော နေရာတွင် ထားသိုပါ။
-ဗူးကို (၃) လမှ (၆)လ အတွင်း အသုံးပြုပါ။

- Milna Baby Cereal ကလေးဖြည့်စွက်အာဟာရမှုန့်
- Chicken with Pumpkin &Carrot အရသာ
- 120g ပါ၀င်ခြင်း
- 6-လနှင့်အထက်ကလေးငယ်များကို တိုက်ကျွေးနိုင်ခြင်း
- Omega3, Omega6, DHA, Prebiotic (FOS), Calcium, Vitamins-12မျိုး
Minerals-10 မျိုး ပါ၀င်ခြင်း
- အရောင်ဆိုးဆေးနှင့်တာရှည်ခံဆေး လုံး၀မပါ၀င်ခြင်း
- Made in Indonesia



Code: 8992802512138

tracker id: 0 #4236