Mini Waffle Maker
ဘေဘီလေးတို့အတွက်ရော Family breakfast and snack time လေးတွေ အတွက် Mini Waffle Maker လေး instock ရပါပြီရှင့်
🧈 ထောပတ်လေးနဲ့ ပဲ waffle မွှေးမွှေးလေးပဲ လုပ်စားမလား
🍦 Ice cream လေးတွေနဲ့ပဲ စားမလား
🍓 Fruit purée လေးတွေနဲ့ mixing လုပ်ပြီး စားမလား
😍ဘေဘီလေးတွေအတွက်ရော family အတွက်ပါ အာဟာရပြည့်ဝ ပြီး အရသာရှိမဲ့ snack time လေး အတွက် အဆင်ပြေတာလေးပါနော်
😍Nonstickအိုးလေးမို့ အိုးကပ်တာလည်း မရှိပါဘူးနော်
😍 Waffle လေးတွေ လုပ်နည်းလေးပါ
ဂျုံ နှင့် မလုပ်ဘဲ Pancake mix , Waffle Mix လေးတွေ နဲ့ တန်းလုပ်လည်းရပါတယ်ရှင်
မုန့်ရည်စပ်နည်း ..
Credit
စားမဲ့ အခုအရေအတွက်ပေါ် မူတည်ပြီး ပမာဏ အတိုးအလျော့လေးလုပ်ကြည့်ပါနော်
All purpose flour ဂျုံမှုန့် ..၂ ခွက် (၂၄၀ ဂရမ်)
Baking powder .. ...၂ လက်ဖက်ရည်ဇွန်း
သကြား .... ... .... ၂ ထမင်းစားဇွန်း
ဆား .... .... .... ၁ လက်ဖက်ရည်ဇွန်း
တို့ကို သမအောင် ရောပါ ..
ပြီးရင် ..
နွားနို့ .... ၂ခွက် (480 ml)
ကြက်ဉ - ၂ လုံး
ဟင်းသီးဟင်းရွက်ဆီ ... ၂ ထမင်းစားဇွန်း တို့ကိုထည့်ပြီး မုန့်နှစ်ရည်ညက်သွားအောင် မွှေပေးပါ ...
အနံ့အတွက် ( မထည့်လည်း ရပါတယ် )
သစ်ကြမ်းပိုးမှုန့် ..၁ လက်ဖက်ရည်ဇွန်း (ကြိုက်ရင်)
ဗင်နီလာအနံ့ .. ၁ လက်ဖက်ရည်ဇွန်း ထည့်နိုင်ပါတယ် ..
👩🍳 မုန့်လုပ်မယ်ဆိုရင်
🧇 Waffle လုပ်စက်လေးကို အရင်ဆုံး အပူပေးပါ နော်
🧇 ပလတ်ထိုးပြီး Indicator မီးအစိမ်းလေး လင်းပြီး ပြန်မှိတ်သွားပြီဆို Cooking oil လေး သုတ်ပေးပါ
🧇 ဖျော်ထားတဲ့ မုန့်နှစ်ရည်လေး ဖြန့်ထည့်ပါ ..
🧇 ခန့်မှန်းခြေ ၆ မိနစ်ကနေ ၈ မိနစ်လောက်ထိ
🧇 မုန့်လေး ရွှေညိုရောင်သမ်းသည်အထိ ထားပေးပါ .. မုန့်သားလေးလဲ ကျက်ပြီဆိုရင် အဟာရပြည့် Waffle ပူပူမွှေးမွှေးလေးရပါပြီနော်
🧇 Silicone မွှေတံလေးနဲ့ မုန့်လေး ကို စက်ကနေ ထုတ်ပေးပါနော်
စတီးဇွန်းလေး မသုံးပါနဲ့နော်
🧇 အသုံးပြုပြီးဆိုရင် ပလတ်လေး ပြန်ဖြုတ်ပေးဖို့ လိုပါတယ်နော်
🧼 သန့်ရှင်းရေး
🧇 Waffle လုပ်ပြီး စက်လေး အေးအောင် အအေးခံပြီးပြီဆိုရင် 🧽 Sponge လေး နဲ့ သန့်စင်ပေးလို့ရပါတယ်နော်
🧇 မုန့်ညှစ်လေးတွေ ကပ်နေတာဆိုရင် cooking oil လေး သုတ်ပြီး ခဏထားထားပေးပြီးမှ Sponge လေးနဲ့ သုတ်ပေးပါနော်
#miniwafflemaker
Code: CUTE50434
tracker id: 0 (on) #50434