• Wialbvnjpfu1olguv4rg Wialbvnjpfu1olguv4rg

Morinaga Chil Mil, Step-2 , (6-12 months), (400) g

34,650 Ks

Morinaga ဂျပန်နို့မှုန့်သည် ကြီးထွားဖွံ့ဖြိုးသောအရွယ်ကလေးများအတွက် ဉာဏ်ရည်ဉာဏ်သွေး ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ကိုယ်ခံစွမ်းအားအတွက် ပိုမိုကောင်းမွန်အောင်ပေါင်းစပ်၍ ပြုလုပ်ထားသော ပြီးပြည့်စုံသည့် အာဟာရဖြစ်ပါတယ်။
Morinaga Chil Mil, Step-2 ကို ကလေး အသက် ၆လ မှ (၁)နှစ်အရွယ်အထိ တိုက်ကျွေးနိုင် ပါတယ်။ အာရုံကြောဆက်သွယ်မှုအားကောင်းပြီး မှတ်ဉာဏ်စွမ်းအတွက်အရေးကြီးသော Choline, DHA နဲ့ AA ဓာတ်များ ပါဝင်ပါတယ်။
အာရုံကြော ဆဲလ်များအတွင်း လှုံ့ဆော်မှု အားကောင်းစေသော ALA နှင့် LA ၊ အာရုံကြော၊ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် DHA ၊ စဉ်းစားတေွးခေါ်နိုင်စွမ်းအား ကောင်းမွန်စေသော IRON ဓာတ်နှင့် အာရုံကြောဆဲလ်များ လှုံ့ဆော်မှုကို မြန်ဆန်စေရန်အတွက် Inositol တို့လည်း ပေါင်းစပ်ပါဝင်ပါတယ်။
ကလေးငယ်များ၏ ကိုယ်ခံအားကောင်းစေရန်အတွက် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးအား အထောက်အပံ့ပြုပြီး ကောင်းမွန်သော ဘက်တီးရီယားပိုးများကို ပွားများစေတဲ့ prebiotic lactulose ၊ ဘက်တီးရီးယား ပိုမွှားနှင့်ဗိုင်းရပ်(စ်)ပိုးများကို ခုခံနိုင်တဲ့ Lactoferrin၊ ကိုယ်ခံစွမ်းအားစနစ် လုပ်ဆောင်မှုတွေကို ပံ့ပိုးကူညီပေးတဲ့ Vitamin A နှင့် Zinc နဲ့ မကောင်းတဲ့ အဆိပ်အတောက် များကိုဖယ်ရှားပေးပြီး ကိုယ်ခန္ဓာရှိ ဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေတဲ့ Vitamin C နဲ့ Vitamin E တို့လည်းပါ၀င်ပါတယ်။ Morinaga Milk သည် ဂျပန်နိုင်ငံမှ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းဖြစ်ပါတယ်။

ဖျော်စပ်ပုံ
ဖျော်စပ်ပုံ - (နို့မှုန့်ဗူးတွင်ပါဝင်သော ဇွန်းဖြင့်သာ ချိန်တွယ်အသုံးပြုရပါမည်။)
တစ်ကြိမ်ဖျော်စပ်စာ နို့မှုန့် ၅ ဇွန်း - ရေ ၂၀၀ မီလီမီတာ
တစ်နေ့ သောက်သုံးသင့်သော ပမာဏ (၂-၃ ကြိမ်)

သတိပေးချက်
- မိခင်နို့မတိုက်ကျွေးသော ၆လ ပြည့်ပြီးကလေးအတွက်သာသုံးရန်ဖြစ်သည်။
- လျော်ကန်စွာအသုံးမပြုပါက ကျန်းမာရေး အန္တရယ် ရှိနိုင်ပါသည်။
- ဗူးအားဖွင့်ပြီး (၂) ပတ် အတွင်း အသုံးပြုပါ။
- နို့မှုန့်အားဖျော်ပြီး (၂) နာရီကြာသွားလျှင် ပိုနေသောနို့ရည်အား စွန့်ပစ်ရမည်။

-Morinaga Chil Mil, Step-2
- (6-12 months)
- 400 g
- ကလေး (၆)လ မှ (၁)နှစ်
- Made in Japan



Code: 8992802005012

tracker id: 4 #4237