• Dtyo1uihxgxz0br6jmos Dtyo1uihxgxz0br6jmos

Nestle Cerelac Rice & Mixed Vegetables + Milk (6-months+) (250 g)

5,100 Ks

Nestle Cerelac ကလေးဖြည့်စွက်စာအာဟာရလေးဟာ အသက် (၆)လနဲ့ အထက် ကလေးတွေ ကျန်းမာစွာကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အာဟာရတွေ ပါဝင်တဲ့ ဖြည့်စွက်စာလေးပါ။ ကလေးလေးကို ဖြည့်စွက်အာဟာရ စတင်မိတ်ဆက်ပေးဖို့အတွက် ဟင်းနုနယ်၊ ဖရုံ၊ မုန်လာဉနီတို့လို အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်ပြီး အာဟာရကြွယ်ဝပါတယ်။ Nestle Cerelac တစ်ပန်းကန်မှာ ကလေးလေးရဲ့ ကျန်းမာရေးအတွက် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ (၅၀%) နီးပါး ပါဝင်အောင် ဖန်တီးထုတ်လုပ်ထားပါတယ်။ သံဓာတ်ဟာ ကလေးငယ်ရဲ့ ဆက်တိုက်ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါပါတယ်။ ကလေးတို့ ကျန်းမာသန်စွမ်းကြီးထွားဖွံ့ဖြိုးဖို့ စံကိုက်ထုတ်လုပ်ထားတဲ့ အာဟာရမို့ စိတ်ချစွာ ကျွေးမွေးနိုင်ပါတယ်။ အစာချေဖျက်မှုကို လွယ်ကူစေအောင် ကစီဓာတ်ကို ချေဖျက်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

အထူးသတိပြုရန်
(၁) ကလေးအသက် (၆)လပြည့်မှသာ စတင်ကျွေးရန်။
(၂) မိသားစုအစားအစာများအား အစားထိုးရန် မဟုတ်ပါ။
(၃) မိခင်နို့ကို ကလေး (၂)နှစ်အထိ ဆက်လက်တိုက်ဖို့ လိုအပ်ပါတယ်။

-Nestle Cerelac Rice & Mixed Vegetables ကလေးအာဟာရဖြည့်စွက်စာ
- အသက် (၆)လအထက် စတင်ကျွေးမွေးနိုင်ပါသည်။
- သံဓာတ် ပြည့်ဝစွာ ပါဝင်ခြင်း။
- ကစီဓာတ် ချေဖျက်သည့် နည်းပညာအသုံးပြုထားခြင်း။
- (၂၅၀) ဂရမ်ပါဝင်ခြင်း။
-Made in Spain



Code: 9556001285195

tracker id: 4 #1080