• Ershrzfiayjkw7bmcegh Ershrzfiayjkw7bmcegh

Nipple Corrector (နို့သီးခေါင်းပြုပြင်ကိရိယာ)

14,000 Ks

ကိုယ်၀န်ဆောင်ချိန်မှာ ကြိုပြီးExerciseပြုလုပ်ထားမှ ဘေဘီလေးတွေမွေးပြီးချိန် အဆင်ပြေနေစေမဲ့
🖤 nipple correctorလေးပါရှင်

{Unicode}
Nipple Corrector (နို့သီးခေါင်း ပြုပြင်ကိရိယာ)
Price: 13,000Kyats
နို့သီးခေါင်းပြားခြင်း (Flat Nipple), နို့သီးခေါင်းပြောင်းပြန်(Inverted Nipple) များသည် မိခင်မှကလေးငယ်အား နို့ချိုတိုက်ကျွေးရန် အခက်အခဲဖြစ်ပေါ်စေသော အမျိုအစားများဖြစ်ပြီး မြန်မာမိခင်များတွင် တွေ့ကြုံရများသော ပြဿနာတစ်ခုလည်းဖြစ်ပါသည်။
Nipple Corrector ခေါ် နို့သီးခေါင်းပြုပြင်ကိရိယာသည် လေအားကိုသုံးစွဲပြီး မိခင်အားနာကျင်မှုမရှိဘဲ နို့သီးခေါင်းကို စွဲထုတ်ပေးသော နည်းလမ်းတစ်ခုဖြစ်ပြီး ယခုအခါ တွင်ကျယ်စွာသုံးစွဲလျက်ရှိပါသည်။
အပြင်အရွယ်အစား (၃၀)မီလီမီတာနှင့် အတွင်းအရွယ်အစား (၁၅)မီလီမီတာရှိသော စုပ်ခွက်သည် နို့သီးခေါင်းအား အထိရောက်ဆုံး တိကျသည့်လေစုပ်ဧရိယာဖြင့် စုပ်ယူပေးနိုင်သောကြောင့် အခြား Nipple Corrector Type များဖြင့်မတူညီဘဲ အလျှင်မြန်ဆုံးနှင့် အမှန်ကန်ဆုံးထိရောက်မှုရှိပါသည်။
လေအားတစ်ဖက်သာစီးဆင်းနိုင်သော (Oneway Air Valve)သည် လေအားစုပ်ယူရာတွင် လျှင်မြန်စေပြီး စုပ်ယူပြီးသားလေများပြန်လည်စီးဆင်းမှုကို အကောင်းမွန်ဆုံး ထိန်းသိမ်းပေးထားနိုင်ပါသည်။
သုံးစွဲနည်း
ပထမဦးစွာ စုပ်ခွက်၊ ပိုက်နှင့် လေစုပ်ပြွန်တို့ကို အံဝင်ခွင်ကျသေချာစွာတပ်ဆင်ပါ။
စုပ်ခွက်အဝကို ရေ (သို့) အဆီ(Lotion) တခုခုကိုသုတ်လိမ်းပါ။ ထိုသို့ပြုလုပ်ခြင်းသည် စုပ်ခွင်နှင့်ရင်သားအကြား လေဟာနယ်များမရှိစေဘဲ လေစုပ်ရာတွင် လျှင်မြန်စေပြီး လေများပြန်လည်ထွက်ခြင်းကိုလည်း အကောင်းဆုံးကာကွယ်ပေးသည့်အပြင် နာကျင်မှုမဖြစ်စေရန်လည်းအထောက်အကူပြုမည်ဖြစ်ပါသည်။
နို့သီးခေါင်းကိုအုပ်၍ စုပ်ခွက်ကိုဖိပြီး အံဝင်ခွင့်ကျဖြစ်စေရန် တပ်ဆင်ပါ။ စုပ်ပြွန်ကိုသုံးစွဲပြီး မိမိခံနိုင်သလောက် လေစုပ်ထုတ်ပါ နို့သီးခေါင်းမည်မှအထိထွက်လာသည်ကို စုပ်ခွက်အကြည်မှ ဖောက်ထွင်းမြင်နိုင်မည်ဖြစ်ပါသည်။ စုပ်ယူရာတွင် ဖြေးဖြေးချင်းအချိန်ယူလုပ်ဆောင်သင့်ပြီး ကိုယ်ဝန်ဆောင်စဉ်ကာလကတည်းက စုပ်ယူလေ့ကျင့်နိုင်ပါသည်။
မိမိလိုအပ်သောအနေအထားရောက်ရှိလျှင် စုပ်ပြွန်ကိုဖြုတ်ထားပြီး မိမိအချိန်အဆင်ပြေသလောက်တပ်ဆင်ထားရမည်ဖြစ်ပါသည်။ ပိုက်ကို အတွင်းခံအတွင်းထည့်သွင်းထားရှိုနိုင်ပါသည်။
BPA ပါဝင်မှုမရှိသော High Quality Silicon များကိုသုံးစွဲထားသောကြောင့် အန္တရယ်ရှိခြင်း၊ အနံ့စွဲခြင်း၊ စွန်ထင်းခြင်း၊ပျက်စီးခြင်း များမရှိဘဲ အလွယ်တကူဖြုတ်တပ်ဆေးကြောနိုင်ပါသည်။



Code: OKC32898

tracker id: 0 (on) #32898