အသက် ၃နှစ်နှင့် အထက် ဘေဘီလေးတွေအတွက် အရောင်များနဲ့ shape များကို မြန်မာလိုရော အင်္ဂလိပ်လိုပါ လေ့လာလို့ရတဲ့ flash Card လေးတွေဖစ်ပါတယ်။
ကလေးများ၏ဦးနောက် ညာဘက်ခြမ်း မှတ်ဉာဏ်အားကို လေ့ကျင်ပေးသောကဒ်ဖြစ်ပါသည်။
Right Brain ဖွံ့ဖြိုးရေးအတွက်ပုံနှင့်စာတစ်ဖက်စီပါတဲ့ကဒ်လေးများကိုနေ့စဉ်ပြသသင်ကြားအပေးရန် ရည်ရွယ်ထုတ်ထုတ်လုပ်ထားသော Flash Cards လေးများဖြစ်ပါသည်။
ပထမဆုံး Purpose of speed play flash cards လေးတွေကို ဘယ်လိုသုံးမလဲ?
High speed flash cards တွေက ညာဖက်ဦးနှောက်ကို လှုံ့ဆော်ပေးလို့ပါ။
ကလေးတွေစိတ်ထဲ ဓာတ်ပုံရိုက်ထားသလို မြင်နေတဲ့ photographic memory function ကို ဖွံဖြိုးစေပါတယ်။ ကလေးတွေဟာ အများအားဖြင့် ဘယ်ဘက်ဦးနှောက်နဲ့ သင်ယူပါတယ်။ ဒါပေမဲ့ ကတ်တွေကို high speed နဲ့ပြတဲ့အခါမှာတော့ သူတို့ရဲ့ ညာဖက်ဦးနှောက်ကပါ လိုက်အလုပ်လုပ်ပြီး ဖွံ့ဖြိုးလာပါတယ်။
ဒီလိုပြသခြင်းအားဖြင့်ဦးနှောက် ဘယ်ဘက်နဲ့ ညာဘက် တွဲဆက် အလုပ်လုပ်စေပါတယ်။ Flash Cards ပြနေတဲ့အချိန်မှာ ပုံလေးပြပြီး အခေါ်အဝေါ်ကို ပြသပေးသူက နှုတ်ကနေ အံကိုက်ရွတ်ပြရပါတယ်။ ဒီလို ပုံနဲ့စာ ပြရင်း နှုတ်က သင်တဲ့အခါ ကလေးရဲ့ ညာဘက်ဦးနှောက်က ပုံကိုမှတ်ပြီး ဘယ်ဘက်ခြမ်းက စာကိုသင်ယူပါတယ်။ ဒီ့အတွက် whole brain အလုပ်လုပ်ရပါတယ်။
Flash cards ကတဆင့် ဘယ်ဘက်ဦးနှောက်ပါ ဖွံ့ဖြိုးစေပြီး Linguistics muscle ကို ပိုသန်မာစေပါတယ်။
Usage
*******
ကဲဒါဆို အခု How to flash cards ကို ပြောပြမယ်နော်။
တစ်စက္ကန့် နှစ်စက္ကန့် အတွင်း တစ်ကတ်နှုန်းရအောင် ပြပါ။ flash as fast as you can. နော်
တခါပြရင် ကတ်၁၀၀ လောက်နဲ့ စပြဖို့ အကြံပေးထားပါတယ်။ ပထမလမှာ ကတ်၁၀၀ ပြီးတော့ တစ်လ သို့ နှစ်လအကြာ ၂၀၀ သို့ ၂၅၀... နောက်တဖြေးဖြေး တိုးပြီး ၁၀၀၀လောက်ထိပြကြပါတယ်။
ကတ်၁၀၀ပြမယ်ဆို ၁၀၀ထဲ Content အစုံထည့်ပြပေးပါ။
ပြတဲ့အခါ ကဒ်မှာပါတဲ့ နံပါတ်စဉ်လေးအတိုင်း စဉ်ပြီး အနောက်ကနေ အရှေ့ကိုယူပြပါ။ ကလေးရဲ့ မျက်လုံးထက်မြင့်အောင်ထားပြီးပြပါ။ category တစ်ခုက တစ်ခုပြောင်းတိုင်း ဘာအကြောင်းပြောနေလဲ ကလေးကို အသိပေးပါ။
အသက်၂နှစ် ၃နှစ်အရွယ် ကလေးတွေကတော့ ထိုင်နေရတာ သိပ်မကြိုက်တတ်ဘူး ပြေးလွှားကစားချင်တတ်ကြတယ်။အဲလိုဆို တခါထဲ အကုန်မပြပဲ ကြားထဲ short break လေးပေးပြီး ခွဲပြပေးပါ။
Code: 2412630012380
tracker id: 1 (on) #9462