• Qjewethb6nakqvcin7jt Qjewethb6nakqvcin7jt

Oral B Stage Disney Baby Soft (4 - 24 Months)

4,550 Ks

Oral B Disney Baby Soft သွားတိုက်တံလေးမှာဆိုရင် ကလေးအသက်(4) လမှစပြီး (2) နှစ်အထိ ကလေးငယ်တွေရဲ့ နုနယ်တဲ့ သွားဖုံးလေးတွေနဲ့ နှုတ်ခမ်းသားလေးတွေကို နာကျင်မှုမရှိစေဖို့ အထူးစီမံထုတ်ထားပါတယ်။ အချိုကိုကြိုက်တတ်တဲ့ အလေ့ရှိတဲ့ကလေးငယ်လေးတွေမှာ သွားပေါက်တဲ့အရွယ်လေးထဲက သွားခံတွင်းသန့်ရှင်းရေးတွေကို ဂရုတစိုက်လေ့ကျင့်ပေးခြင်းဖြင့် ကျန်းမာသန့်ရှင်းကြံ့ခိုင်တဲ့ သွားလေးတွေပိုင်ဆိုင်ကြရမှာပါ။
ဒါ့အပြင် ကလေးငယ်တွေကိုယ်တိုင်လေ့ကျင့်လိုပါက သွားတိုက်တံကိုကိုင်ရလွယ်ကူစေဖို့ လက်ကိုင်ရိုးတံအထူအပျော့သားလေးနဲ့ ပြုလုပ်ပေးထားပါသေးတယ်။ ထိပ်တံ Brush လေးတွေကိုလည်း ပျော့ပျောင်းနူးညံ့စေဖို့ ရာဘာသားလေးနဲ့ ပြုလုပ်ထားလို့ Safe ဖြစ်စေပါတယ်။ သွားတိုက်တံမျက်နှာပြင်မှာပါတဲ့ ကလေးတွေအကြိုက်အရုပ်လေးတွေကတော့ ထုတ်ပိုးမှုအလိုက် အပြောင်းအလဲရှိနိုင်ပါတယ်။ သေချာစွာစနစ်တကျ ထုတ်ပိုးထားတဲ့ ပစ္စည်းလေးတွေမို့ စိတ်ချယုံကြည်စွာဖြင့် သုံးစွဲနိုင်ပါတယ်။

- Oral B Stage Disney Baby Soft ကလေးသွားတိုက်တံ
- ကလေးအသက် (4) လမှစပြီး (24) လအထိသုံးစွဲနိုင်ခြင်း
- ကလေးအကြိုက် အရုပ်ပုံမျိုးစုံပါ၀င်ခြင်း
- လက်ကိုင်ရိုးကိုင်ရလွယ်ကူစေခြင်း
- နူးညံ့တဲ့သွားလေးတွေအတွက် Safe ဖြစ်ခြင်း
- Made In USA ( United States)



Code: 3014260279462

tracker id: 0 (on) #10672