• Heqmtcuvot44i3pouoki Heqmtcuvot44i3pouoki

Pigeon Peristaltic Plus Nipple S ,2pcs

25,410 Ks

Pigeon Peristaltic Plus Nipple ကလေးနို့သီးခေါင်းလေးဟာ အသက် တစ်လနဲ့အထက် ကလေးများအတွက် ဖြစ်ပြီး Packing တစ်ခုမှာ နို့သီးခေါင်း (၂)ခုပါဝင်ပါတယ်။ အဝကျယ်ပုံစံ (Wide neck) ဖြစ်ပါတယ်။ ဒီကလေးနို့သီးခေါင်းလေးဟာ ကလေးပါးစပ်ကနေ နို့ကို စုပ်ယူရာမှာ အံကိုက်အနေတော်ဖြစ်အောင် ပုံစံနဲ့ အရွယ်အစားကို အထူးအလေးပေး ထုတ်လုပ်ထားလို့ သုံးရတာ အဆင်ပြေမှာပါ။ နို့သီးခေါင်းကို စုပ်ယူခြင်း၊ လျှာလေးလှုပ်ပြီးနို့စို့ခြင်း၊ နို့ကို မျိုချခြင်း အဆင့် (၃)ဆင့်လုံးမှာ မိခင်နို့သီးခေါင်းနဲ့ ပုံစံတူအောင် ဖန်တီးထားမှုက ကလေးလေးကို နို့စို့ရလွယ်စေပါတယ်။
နို့သီးခေါင်း အပေါ်ယံ မျက်နှာပြင်က နို့စို့ရာမှာ ချောထွက်မနေအောင် ဖန်တီးထားပါတယ်။ 100% Silicone ပါဝင်ပါလို့ အထူး နူးညံ့ပျော့ပျောင်းပြီး ကလေးက လျှာလေးနဲ့ထိုးမယ်ဆိုလည်း မထိခိုက်စေနိုင်ပါဘူး။ AVS System ပါဝင်လို့ နို့စို့ရင်း ကလေးက လေကိုမျိုချမိတာကို မဖြစ်စေတဲ့အတွက် လေထိုးလေအောင့် ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

ဆေးကြောပုံ
-အသုံးမပြုမီတိုင်း သေချာဆေးကြောပြီးပိုးသတ်ပါ။
-ဝယ်လာသော နို့သီးခေါင်းအသစ်ကို သန့်စင်အောင်ဆေးကြောပြီး ဆူနေသော ရေတွင် (၅) မိနစ်ခန့် စိမ်ပေးပါ။
-အသုံးပြုပြီးတိုင်း Nipple liquid cleanser အသုံးပြု၍ သန့်စင်ပါ။

-Pigeon Peristaltic Plus Nipple S ကလေးနို့သီးခေါင်း
-အသက် တစ်လအထက်
- အဝကျယ် Wide neck အမျိုးအစား ဖြစ်ခြင်း။
- Silicone (100%) ပါဝင်ခြင်း။
- Made in Indonesia



Code: 4902508018302

tracker id: 2 #1284