Physiolac Relay Step 2 ဟာဆိုရင် ကလေး အသက်ခြောက်လမှ တစ်နှစ်အရွယ်အတွက် လိုအပ်တဲ့ အာဟာရများကို အခြေခံပြီး ဖော်စပ်ထုတ်လုပ်ထားတဲ့ ကလေးနို့မှုန့် ဖြစ်ပါတယ်။ အစာအိမ်လမ်းကြောင်းနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ GOS နဲ့ FOS အမျှင်ဓာတ်များကိုပါ ထည့်သွင်းထားပါတယ်။ ကလေးငယ်များ ကြီးထွားဖွံဖြိုးမှုအတွက် လိုအပ်တဲ့ အသားဓါတ်၊ ကစီဓါတ်အရင်းအမြစ်နှစ်မျိုး၊ ဗီတာမင် ၁၃မျိုး နဲ့ သတ္တုဓါတ် ၁၂ မျိုး ပါဝင်ပါတယ်။
ကလေးငယ်ရဲ့ အသက်အရွယ်အလိုက် ပြောင်းလဲနေတဲ့ ဇီဝကမ္မဖြစ်စဉ်များအတိုင်း အခြေခံပြီး ထုတ်လုပ်ထားပါတယ်။ ဥပမာ DHA ကို ထပ်ဖြည့်စရာမလိုဘဲ ကလေးငယ်အတွက် အလုံအလောက် ပါဝင်ကြောင်း အာမခံပါတယ်။ ကလေးငယ်တွေကို ဓါတ်မတည့်ခြင်း ဖြစ်စေတဲ့ Gluten၊ မြေပဲ၊ ဥ နဲ့ ငါးတို့ (လုံးဝ) မပါဝင်ဘဲ အရည်အသွေးမြင့်တဲ့ ဟင်းရွက်ဆီ (High Quality 100% Vegetable Oil) ကိုသာ ရာနှုန်းပြည့် အသုံးပြုထားပါတယ်။ microbiological control စနစ်ဖြင့် စစ်ဆေးကာ ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေတဲ့ မှို၊ ဘက်တီးရီးယားများ ကင်းစင်ကြောင်း လက်မှတ်/ထောက်ခံချက် ရရှိထားပါတယ်။
ပြင်သစ်နိုင်ငံတွင်သာ ဖော်စပ်ထုတ်လုပ်ထားပြီး မြန်မာပြည်ကို တိုက်ရိုက် တင်သွင်းရောင်းချတာကြောင့် ပြင်သစ်နိုင်ငံနဲ့ အခြားဥရောပနိုင်ငံများမှာရှိတဲ့ ကလေးငယ်တွေနဲ့ တန်းတူ အရည်အသွေးမြင့်တဲ့ နို့မှုန့်ကို မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်များလည်း သောက်သုံးခွင့် ရရှိနေပါပြီနော်။
ဖျော်စပ်ပုံ
- ၆ လ မှ ၁၀ လ နို့မှုန့် ၇ ဇွန်း ကို ရေ " 210 ml "တစ်နေ့ ၃ ကြိမ်
- ၁၀ လ မှ ၁ နှစ်နို့မှုန့် ၈ ဇွန်း ကို ရေ " 240 ml " နဲ့တစ်နေ့ ၂ ကြိမ် တိုက်ကျွေးနိုင်ပါတယ်။
- နို့မှုန့် ပျော်သည်အထိ နို့ဗူးကို လှုပ်ခါပေးပါ။
သတိပြုရန်
- နို့မှုန့် ချိန်တွယ်ရာတွင် သံဗူးအတွင်းမှာပါတဲ့ Measuring Scoop နို့မှုန့်ချိန်ခွက်ကိုသာ အသုံးပြုပါ။
- နို့မှုန့်ဖျော်ပြီး ၂ နာရီအတွင်း တိုက်ကျွေးပါ။
- အသုံးပြုပြီးလျှင် ဗူးအဖွင့်ကို သေချာစွာ ပြန်ပိတ်ပါ။
- ဗူးအားဖွင့်ပြီး (၄) ပတ်အတွင်း အသုံးပြုပါ။ အေး၍ ခြောက်သွေ့တဲ့နေရာတွင် ထားပါ။
- ဗူးအောက်ခြေတွင် ဖော်ပြထားတဲ့ သက်တမ်းကုန်ဆုံးရက် မတိုင်ခင် အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်တယ်။
- Physiolac Relay Step2
- 6 to 12 months အတွင်း တိုက်ကျွေးနိုင်ခြင်း
- 900 g ပါဝင်ခြင်း
- အသားဓါတ်၊ ကစီဓါတ်အရင်းအမြစ်နှစ်မျိုး၊ ဗီတာမင် ၁၃မျိုး နဲ့ သတ္တုဓါတ် ၁၂ မျိုး ပါဝင်ခြင်း
- Gluten, မြေပဲ၊ ဥ နဲ့ ငါးတို့ လုံးဝ မပါဝင်ခြင်း
- High Quality 100% Vegetable Oil
- အသက်အရွယ်လိုက် နို့မှုန့်များကို ခွဲခြားထားခြင်း
- Made in France
Code: 3518646123283
tracker id: 2 #3119