• Rohgfqru8lvjovlnwsbv Rohgfqru8lvjovlnwsbv

Picnic Baby (Salmon+Spinach+Potato+Sweet Corn) (100g) (6mths+)

7,222 Ks

မီးမလို လွယ်ကူအဆင်ပြေ အသင့်ချက် Picnic Baby Ready Meal အစုံ ရပါပြီရှင့်..

ဘေဘီတို့ ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်မြင့်မားစေဖို့ လိုအပ်တဲ့ အသား/ငါး, ဟင်းသီးဟင်းရွက်, ဆန်တို့ကို မေမေ့အိမ်ချက်လက်ရာအတိုင်း ချက်ထားပေးတဲ့ Home Made အသင့်စားအထုပ်လေးတွေပါရှင့်..

Picnic Baby Ready meal လေးကိုမေမေတွေ ဘာကြောင့် စိတ်ချလက်ချ ဘေဘီတို့ကိုကျေွးနိုင်လည်းဆို..

👉ထုတ်လုပ်မှုအဆင့်တိုင်းမှာ သန့်ရှင်းမှု၊ ရောဂါပိုးမွှားကင်းစင်ဖို့တို့ကို အထူးဂရုပြုပြီး ထုတ်လုပ်ပေးထားပါတယ်

👉Mommy Chef တို့ပြင်ဆင်ပေးသလို အိမ်ချက်အရသာလေး

👉 ကျန်းမာရေးအတွက် စိတ်ချရတဲ့ အရည်အသွေးမြင့် 100% အော်ဂဲနစ်ပါဝင်ပစ္စည်းတွေကို အသုံးပြုထားပါတယ်

👉 ဆယ်လ်မွန်ငါး 🐟
👉 ကြက်သား 🍗
👉 ကြက်အသည်း.. 🐓 အရသာ (3) မျိုးကို အခြေခံပြီး.

🤩 (6) လနဲ့အထက်ဆို ရွေးချယ်စရာ အရသာ (4) မျိုး

🤩 (10) လနဲ့အထက်ဘေဘီလေးတွေအတွက်က အရသာ (3) မျိုး

🤩 (12) လကနေ 3နှစ်ထိ အရသာ (2) မျိုး ပုံပါအတိုင်း ရွေးချယ်နိုင်ပါတယ်..

တခြား readymade meal တွေလိုသံဗူးပုံစံနဲ့မဟုတ်ဘဲ အိတ်ပုံစံလေးနဲ့ ထုတ်ပိုးထားတော့ သိမ်းဆည်းရ လွယ်ကူပြီး
သံဗူးတွေထက် အရောင်အဆင်း၊ အရသာ၊ အနံ့ စတဲ့ အစားအစာရဲ့ အရည်အသွေးတွေကို ပြည့်ပြည့်ဝဝထိန်းသိမ်းထားပေးနိုင်ပါတယ်.. ဇစ်အိတ်လေးနဲ့ ဇွန်းလေးပါ ပါသေးတော့ အလွယ်ကူဆုံးဖွင့်ကျွေးရုံဘဲနော်.

ခရီးသွားလဲ အသင့်ယူသွားလို့ မေမေတို့အလုပ်မရှုပ် တန်းဖောက်ကျွေးရုံပဲ. မီးမလာလဲ စိတ်ပူနေစရာမလို လွယ်ကူအဆင်ပြေ.. 😍

HACCP နဲ့ GMP လက်မှတ်တွေအပြင် ထိုင်းနိုင်ငံ ISLAMIC Committee ကနေ HALAL အသိအမှတ်ပြု လက်မှတ်ပါရထားတော့ လူမျိုးမရွေး၊ ဘာသာမရွေး စိတ်ချကျွေးနိုင်ပါတယ်ရှင်

အိတ်လေးကိုဖောက်ပြီးတာနဲ့ တစ်ခါတည်းတန်းကျွေးလို့လည်း အဆင်ပြေသလို နွေးနွေးလေးကျွေးချင်တဲ့ မေမေတွေရှိရင် အိတ်လေးကို ရေနွေးပူပူလေးထဲမှာ (3) မိနစ်ခန့် စိမ်ထားပြီးမှ ကျွေးနိုင်ပါတယ်နော်..

ရယ်ဒီမိတ်လေးဖြစ်တဲ့အတွက် အထုပ်ကိုဖောက်ပြီး (24) နာရီအတွင်းကုန်အောင် ကျွေးပေးပါရှင်..

အကယ်လို့ မကုန်ဘူးဆိုရင်..

- ရေခဲသေတ္တာထဲမှာ သေချာလေးသိမ်းပေးရင် (2) ရက် ထားခံပါတယ်

- အခဲခန်း (Freezer) ထဲမှာသိမ်းမယ်ဆိုရင်တော့ တပတ်ထိ အထားခံပါတယ်နော်

ကိုယ့်ရဲ့ထားသိုမှုမတတ်တာလေးတွေဖြစ်ရင် အရသာ၊ အာနိသင် ပျက်စီးမှာစိုးလို့ သိမ်းထားပြီးမှ ပြန်ကျွေးခါနီးဆို မေမေတို့က အရင်မြည်းကြည့်ပြီးမှ ဘေဘီတို့ကို ကျွေးဖို့အကြံပေးချင်ပါတယ်



Code: ABS21620

tracker id: 0 (on) #21620