• M2qn4wjni3petaytch26 M2qn4wjni3petaytch26

Pigeon Mini Double Electric Breast Pump (145g)

169,000 Ks

Pigeon တံဆိပ် Mini Double Electric Breast Pump နို့ရည်ညှစ်စက်လေးဟာ အီလက်ထရောနစ်နည်းပညာကို အသုံးပြုပြီးမိခင်နို့ရည်ကို သက်သောင့်သက်သာနဲ့ အလွယ်တကူထုတ်ယူနိုင်တဲ့ စက်လေးဖြစ်ပါတယ်။ Pigeon နို့ညှစ်စက်လေးဟာ နို့ရည်ချူခြင်းနဲ့နို့ညှစ်ခြင်းစတဲ့ လုပ်ဆောင်ချက်နှစ်မျိုးနဲ့ အလုပ်လုပ်ပါတယ်။ ပထမနို့ရည်ချူခြင်းကို ၂-မိနစ်ခန့်ချူပြီးရင် နို့ညှစ်တဲ့လုပ်ဆောင်ချက်ကို အလိုအလျောက်ပြောင်းသွားမှာဖြစ်ပါတယ်။
မိခင်နို့ရည်သာအကောင်းဆုံးမို့လို့ ရုံးတက်ရတဲ့(အလုပ်လုပ်ရတဲ့)မေမေတွေလည်း ကလေးငယ်အတွက် နို့ညှစ်ထားခဲ့နိုင်လို့ ကလေးရောမိခင်အတွက်ပါ အဆင်ပြေစေပါတယ်။ မေမေတို့နို့ညှစ်တဲ့အခါ ရင်သားတွေမနာကျင်အောင် ပျော့ပျောင်းတဲ့ဆီလီကွန်ကာဗာလေးပါရှိပြီး BPA *BPS free နို့ဘူးလေးနဲ့ဆိုတော့ ပိုလို့အဆင်ပြေတာပေါ့။ မိခင်နို့တိုက်ကျွေးခြင်းကိုလွယ်ကူစေဖို့ ဒီဇိုင်းပုံစံနဲ့ လုပ်ဆောင်ချက်တွေကြောင့် နာမည်ကျော်ကြားတဲ့ ဆု ၃-ဆု ကိုရရှိထားတာကြောင့် Pigeon နို့ညှစ်စက်ကို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ
နို့ညှစ်စက်ကို Power bank နဲ့ဖြစ်စေ Adaptorခေါင်းနဲ့ဖြစ်စေ ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်။ မိမိအဆင်ပြေသော Level ဖြင့်နို့ညှစ်နိုင်ပါတယ်။ လက်ဖြင့်အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။

သတိပြုရန်
နို့ညှစ်စက်ကိုအသုံးပြုပြီးတာနဲ့ ရေနွေးဖြင့်သေချာစွာ ဆေးကြောသန့်စင်ပြီး နို့ဘူးကိုပေါင်းစက်ဖြင့်ပိုးသတ်နိုင်ပါတယ်။လေစုပ်ပိုက်နဲ့ဆီလီကွန်ပစ္စည်းများကိုတော့ ပွတ်ပွတ်ဆူသောရေနွေးနဲ့ပြုတ်ပြီးမဆေးကြောသင့်ပါ။ ပြီးလျှင် ရေခြောက်သွေ့အောင်သုတ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

-Pigeon Mini Double Electric Breast Pump မိခင်နို့ရည်ညှစ်စက်
- Double / Electronic နှင့်အသုံးပြုနိုင်ခြင်း
- သေးငယ်ပေါ့ပါးကျစ်လစ်ပြီးသယ်ဆောင်ရလွယ်ကူခြင်း
- Weight- 145g
- AC 100- 240V
- Power bank နဲ့ Adaptor ပါရှိခြင်း
- ပစ္စည်းများကိုအလွယ်တကူ ဖြုတ်၊တပ်လို့ရခြင်း
- No Warranty
- Made in Japan



Code: 4902508781404

tracker id: 2 #11765