• Bq9gxi8vilxvzgvjbltn Bq9gxi8vilxvzgvjbltn

Pigeon Breast Milk Storage Bottle

24,100 Ks

Promotion

June Promotions - Pigeon Selected Items 25% OFF ( 08.06.2021~30.06.2021)

25%


Pigeon Breast Milk Storage Bottle မိခင်နို့ရည်ညှစ်ပြီးသိမ်းဆည်းရန် ဗူးလေးများ ဖြစ်ပါတယ်။ ပါကင်တစ်ခုမှာ (၁၅၀) မီလီလီတာ ဆံ့ (၃)ဗူးပါဝင်ပါတယ်။ နို့ညှစ်ပြီးမတိုက်သေးရင် ရေခဲသေတ္တာထဲထည့်သိမ်းဖို့လိုပါတယ်။ မိခင်နို့ရည်ကို စိတ်ချစွာ သိမ်းဆည်းဖို့ အဆင်ပြေတဲ့ နို့ဗူးလေးတွေပါ။ သန့်စင်တဲ့နေရာမှာ ရေနွေးဆူဆူနဲ့သန့်စင်လို့ရသလို နို့ဗူးပေါင်းခံတဲ့ စက်နဲ့လည်း သန့်စင်လို့ရပါတယ်။

နို့ရည်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းထားသော နို့ရည်ပြန်လည်တိုက်ကျွေးရန် အညွှန်း
-အခန်းအပူချိန် ၁၆ မှ ၂၆ °C စင်တီဂရိတ်အတွင်း သိမ်းဆည်းထားသော နို့ရည်ကို ၄နာရီမှ ၆နာရီ အတွင်းသာတိုက်ကျွေးပါ။
-မြန်မာနိုင်ငံရဲ့နွေအပူချိန်က ၃၃°C အထက်မှာမို့ အခန်းအပူချိန်မှာ ညှစ်ထားသောနို့ကို
၂ နာရီ အတွင်းသာ တိုက်ကျွေးပါ။ ၂ နာရီကျော် သိမ်းထားသောနို့ရည်ကို မတိုက်ကျွေးပါနှင့်။
-Refrigerator ရေခဲသေတ္တာအတွင်း ၄°C နှင့်အောက်သိမ်းဆည်းသောနို့ရည်ကို ၃ရက် မှ ၅ရက် အတွင်းသာတိုက်ကျွေးရပါမည်။
-ရေခဲသေတ္တာ အခဲခန်း -၁၈ မှ -၂၀°C အတွင်းသိမ်းထားပါက ၃ လအတွင်းတိုက်ကျွေးပါ။
-လတ်လတ်ဆက်ဆက်ညှစ်ထားသောနို့ရည်ကို အေးခဲနေသောနို့ရည်ဘူးထဲအတူတူထည့်မသိမ်းရပါ။
-နို့ရည်ဗူးအား ရေခဲသေတ္တာတံခါးထဲ ထည့်မသိမ်းရပါ။
- နို့ရည်ထည့်သောဘူးများကို ပြည့်အောင်မထည့်ရ။ လေးပုံသုံးပုံ သာထည့်သိမ်းပါ။
- နို့ဗူးပေါ်တွင် ညှစ်သည့်နေ့ရက် အချိန် ရေး၍ သိမ်းပါ။
-အေးခဲနေသောနို့ရည်ကို မိုက်ခရိုဝေဖ့် သို့ ရေနွေးဇလုံထဲထည့်မနွှေးရပါ။ ဗီတာမင်ဓာတ်များဆုံရှုံးနိုင်ပါတယ်။
-ခဲနေသောနို့ရည်ကို ရေခဲသေတ္တာအောက်ခန်းတွင်သာ ပျော်သွားသည့်အထိထားပြီး တိုက်ကျွေးပါ။
-ရေနွေးနွေး ဇလုံထဲ ဘူးတိုက်ရိုက်ထည့်၍ (သို့) နို့ရည်နွှေးစက်ဖြင့်သာ နွှေးပါ။
-တိုက်ခါနီး ညှင်သာစွာသာမွှေပါ။ ဘေးတိုက်စောင်းပြီးလှုပ်မွှေပါ။ ဂျောက်ဂျက်လှုပ်သလို
လှုပ်မမွှေရပါ။ Protein ဓာတ်များဆုံးရုံးစေနိုင်ပါတယ်။
-တစ်ခါသောက်ရုံ လိုသလောက်ကိုသာ ထုတ်ပြီး နွှေးတိုက်ခြင်းကအကောင်းဆုံးဖြစ်ပါသည်။
-နွှေးပြီးသားနို့ရည်ကို ပြန်ပြီးအခဲမခံပါနှင့်။

- Pigeon Breast Milk Storage Bottle နို့ညှစ်ပြီးသိမ်းရည်ဗူး
- တစ်ပါကင်တွင် (၃)ဗူးပါဝင်သည်။
- တစ်ဗူးတွင် နို့ (၁၅၀) မီလီလီတာဆံ့ပါသည်။
-Made in Japan



Code: 4902508261197

tracker id: 24 #1640