Pigeon နို့ဘူးလေးဟာ အသက်(၄)လနှင့်အထက် ကလေးငယ်များမှ စတင်အသုံးပြုနိုင်ရန် ပြုလုပ်ထားပါတယ်။ နို့ရည် (၂၄၀) မီလီလီတာထိ ထည့်တိုက်လို့ရပြီး အသက် (၄)လအရွယ်ကလေးအတွက် စံကိုက်ဖြစ်ဖို့ အနီးစပ်ဆုံးပမာဏဝင်ဆံ့မှု ဖြစ်ပါတယ်။ နို့ဘူးမှာ ပါဝင်တဲ့ နို့သီးခေါင်းကို မိခင်ရဲ့ နို့သီးခေါင်းနဲ့ ပုံစံတူအောင် အတိအကျ ထုတ်လုပ်ပေးထားတာမို့ ကလေးငယ်ကို Nipple Confusion မဖြစ်စေပါဘူး။ နို့ထွက်တဲ့ အပေါက်ငယ်ကိုလည်း (၄)လအရွယ် ကလေးငယ်အရွယ် နို့စို့ရာမှာ အဆင်ပြေဆုံး စံကိုက်ဖြစ်တဲ့ အရွယ်ဖြစ်အောင် ဖောက်ပေးထားပါတယ်။ နို့သီးခေါင်းလေးဟာ အပေါ်ယံ မျက်နှာပြင်က ကလေးနို့စို့ရလွယ်ပြီး ချောထွက်မနေအောင် ဖန်တီးထားပါတယ်။ 100% Silicone ပါဝင်ပါလို့ အထူး နူးညံ့ပျော့ပျောင်းပြီး ကလေးက လျှာလေးနဲ့ထိုးပြီး နို့ရည်စုပ်ယူဖို့ အင်မတန်လွယ်ကူပါတယ်။ AVS System ပါဝင်လို့ နို့စို့ရင်း ကလေးက လေကိုမျိုချမိတာကို မဖြစ်စေတဲ့အတွက် လေထိုးလေအောင့် ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ နို့ဘူးဆေးရည်ဖြင့် ဆေးပြီး နို့ဘူးပေါင်းစက်ဖြင့် ပေါင်း၍ ပိုးသတ်နိုင်ပါသည်။
သတိပြုရန်
-နို့မှုန့်ထည့်ဖျော်ထားသော နို့ဘူးကို အပေါ်အောက်လှုပ်လျှင် အရည်များအပြင်ထွက်ကျနိုင်ပြီး အပူလောင်နိုင်ပါသဖြင့် နို့ဘူးအား ဂရုပြုပြီး ကိုင်တွယ်ပါ။
-Pigeon Peristaltic Nipple Nursing Bottle နို့ဘူး
-အသက် (၄)လမှ စတင်အသုံးပြုနိုင်ခြင်း
- လေထိုးလေအောင့်ဖြစ်ခြင်းကိုလျော့ကျစေခြင်း
- Silicone (100%) ပါဝင်ခြင်း
-Made in Japan
Code: 4902508007726
tracker id: 1 #3789