• F899tmd6wusxwth2ne3c F899tmd6wusxwth2ne3c

Planner Book 2024

5,000 Ks

သင့်ကိုယ်သင် ဘယ်လို Plan ချမလဲ?

မင်မင်တို့က planner book တွေရောင်းနေပြီဆိုတော့Planning guidelineလုပ်ဖို့တော့လိုအပ်ပြီပေါ့...

Plan လို့ ပြောလာတဲ့အခါ
(1) Life Plan
(2) Yearly Plan
(3) Monthly Plan
(4) Daily Plan ဆိုပြီးတော့ Plan ၄ မျိုးရှိပါတယ်...
..
ဒီ Plan တွေ မချမှတ်ခင်မှာ
(1) To Do List မဖြစ်မနေ လုပ်ရမယ့် အလုပ်ရယ်
(2) Goal ဖြစ်ချင်တဲ့အရာတွေရယ်ဆိုပြီး
ပြတ်ပြတ်သားသား သိနေဖို့ လိုအပ်ပါတယ်

*To Do List မှာတော့
ရုံးတက်မယ်/ ကျောင်းသွားမယ်/
တခြား လုပ်လက်စအလုပ်တွေ ပါတာပေါ့...

*Goal မှာတော့ ဖြစ်ချင်တဲ့အရာတွေပေါ့
အသားအရည်လှချင်တယ်
ဘာသာစကား တစ်ခုခု တက်ချင်တယ်ပေါ့.....
..
လုပ်ကို လုပ်ရမှာတွေအတွက် အချိန်ပေးထားသလို
Goal အတွက်လည်း အချိန်ပေးရပါတယ်
ထိုင်နေရုံနဲ့ အသားအရည်လည်းမလှဘူး
ဘာသာစကားလည်း မတက်ကျွမ်းလာပါဘူး
ဒီတော့ ဒါတွေအတွက် အချိန်ပေးဖို့ စကတည်းက စဉ်းစားပါ
..
(1) Life Plan
.
Life Plan ကို ၅ နှစ်အထိပဲ ဆွဲထားစေချင်ပါသေးတယ်
ကံတရားကို ပြောလို့မရတာမို့ပါ..
ကျန်းမာရေးထိခိုက်သွားတာတွေ
ထီပေါက်သွားတာတွေလည်းဖြစ်နိုင်တယ်
ဖြစ်လာတဲ့ Condition ပေါ်မူတည်ပြီး
Life Plan က ပြောင်းလာနိုင်ပါသေးတယ်

ဒီနှစ်ရဲ့ Life Plan ကတော့
ကိုယ့်ရဲ့ Vision ကို သိထားပြီးဖြစ်မှာပါ..
နောက်နှစ်က စပြီး မသေချာပါဘူး
Life Plan ကို ၂ မျိုး ၃ မျိုး ဆွဲထားပါ...
ဒီနှစ် Life Plan မှာ
နောက်နှစ်အတွက်ကိုပါ တစ်ခါတည်း ပျိုးခင်းထားဖို့လိုပါတယ်

(2) Yearly Plan

ကိုယ့်ရဲ့ Goal တွေနဲ့ To Do List ကိုချရေးပါ
ပြီးရင် Target Month တွေမှာ
ကိုယ်ဘယ်လမှာ ဘာပြီးရမလဲဆိုတာကို ချမှတ်ထားပါ
ကိုယ်လုပ်နိုင်တဲ့အရာကိုသာ ချမှတ်ပါ...
လောဘကြီးဖို့ မလိုပါဘူး...
ဒီလိုမျိုး ချရေးလိုက်တဲ့အခါ..
အော်. ငါ ဒီလမှာ ပြီးနိုင်မလား/
ဘယ်လမှာ ပြီးနိုင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း
ကိုယ့်ဟာကိုယ် သဘောပေါက်လာပါလိမ့်မယ်

(3) Monthly Plan

Yearly Plan ပြီးသွားရင်
Yearly Target အတိုင်းဝင်အောင်
Monthly Plan ကို ရေးဆွဲရပါလိမ့်မယ်
ကိုယ့်ရဲ့ Deadline တွေ
လုပ်ရမယ့် အလုပ်တွေ Meeting တွေ ချမှတ်ထားဖို့ လိုအပ်ပါတယ်
..
(4) Daily Plan
.
Monthly Plan မှာ ချမှတ်ခဲ့တဲ့အလုပ်တွေအတိုင်းပြီးဖို့
Daily Plan ပြန်ဆွဲရပါတယ်
Daily Plan မှာတော့ ငါ ဘာအလုပ်တွေ လုပ်မယ်ဆိုတာကို
အရင်ဆုံး ချမှတ်ထားဖို့လိုအပ်ပါတယ်
..
ပြီးတဲ့အခါ အချိန် တစ်ခုချင်းဆီ ခွဲထုတ်ပါ
အိပ်ရာထ တဲ့အချိန်ကနေ - အိပ်ရာဝင်တဲ့အချိန်ထိ
နာရီ အလိုက် Schedule ဆွဲပါ...
Skin Care ဖို့/ သန့်ရှင်းရေးလုပ်ဖို့/ ရုပ်ရှင်ကြည့်ဖို့/ နားဖို့ပါ
တစ်ခါတည်း Scheduel ရေးဆွဲထားဖို့လိုပါတယ်..

မိသားစုအတွက်လည်း အချိန်ပေးပါ...
သူငယ်ချင်းအတွက်လည်း အချိန်ပေးပါ..
ဒီလိုမျိုး အချိန်တွေ ချရေးလိုက်တဲ့အခါ
ကိုယ်သတ်မှတ်ထားတဲ့ Plan အတိုင်း
ဖြစ်နိုင်လား မဖြစ်နိုင်လား ပေါ်လာပါလိမ့်မယ်
.
ကိုယ်လုပ်နိုင်တဲ့ limit အတိုင်းပဲ အချိန်တွေကို ကန့်သတ်ပေးပါ
နားချိန်တွေ ချန်ထားပါ..
ဒီ နားချိန်တွေက ကိုယ် မပြီးပြတ်ခဲ့တဲ့အလုပ်တွေကို
အစားထိုးလုပ်ဖို့နဲ့ .. အနားယူဖို့ပါ
တစ်ခါတစ်လေ Emergency အလုပ်တွေက ပေါ်လာတတ်ပါသေးတယ်
အဲ့အတွက် အချိန်လွတ်တွေ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်
..
ကိုယ့်ရဲ့ တနေ့တာ Schedule အတိုင်း ပြီးကို ပြီးဖို့ လိုအပ်ပါတယ်
မပြီးရင် Daily Schedule ကနေ စပြီးအလျင်မမှီတာနဲ့
ကိုယ့်ရဲ့ Life Plan အထိပါ ဘိုင်ဘိုင် ဖြစ်သွားပါမယ်
..
Monthly Plan တွေ က တကယ်တော့ လျာထားချက်ပဲရှိတာပါ
ကိုယ့်ရဲ့ လုပ်ဆောင်ပုံပေါ်မူတည်ပြီးရော
ထပ်တိုးလာတဲ့ တာဝန်တွေ အရရော
နည်းနည်း အရွှေ့အပြောင်းရှိတတ်ပါတယ်...
အဓိက ကတော့ ကိုယ့်ကိုကိုယ် ကတိတည်ဖို့ပါပဲ...
အော်.. ငါဒီနေ့ ဒါကို ပြီးအောင်လုပ်မယ်ဆိုရင်လုပ်ပါ...

ကဲကဲ မင်မင်လည်းစကားကြောရှည်နေပါပြီ...
Planner bookလေးကို ဖေဖေမေမေတို့ဝယ်ဖြစ်ကြရင်လည်းကိုယ့်ဘေဘီလေးတို့အတွက် ဖြစ်စေချင်တဲ့ပုံစံtargetကိုကိုယ့်ဘာသာplanချပြီးကြိုးစားကြည့်ကြပေါ့😘😘😘

8လက်မ 5 လက်မ ဗလာစာအုပ် Size လေးဖြစ်ပါတယ် သယ်ဆောင်ရလွယ်ကူမယ် Short Note မှတ်လို့ရပါ့မယ်
အရွက် ၂၀
စာမျက်နှာ ၄၀ ပါပါတယ်



Code: BMM41738

tracker id: 0 (on) #41738