• Iqnwz5g9v2lkyyouyjiq Iqnwz5g9v2lkyyouyjiq

Pureen သွားတိုက်ဆေး (40g)( 6 months+)

10,600 Ks

ကလေးငယ်လေးတွေအတွက် 🚫Fluoride
မပါတဲ့သွားတိုက်ဆေးကို ရွေးချယ်သင့်တာ
ဘာကြောင့်လဲ❓🦷

Pureen သွားတိုက်ဆေး - 9500Ks

👶🏻ငယ်စဉ်တည်းက သွားနဲ့ ခံတွင်း ကျန်းမာ
ဖို့ဆိုရင် ...
သွားတိုက်ဆေးမှန်ကန်စွာရွေးချယ်ရသလို ၊
သွားတိုက်နည်းမှန်ကန်ဖို့လဲ လိုအပ်ပါတယ်။
ဒီနေရာမှာ အရေးကြီးဆုံးက သွားစပေါက်တဲ့
အရွယ် ပျဉ်းမျှ ၆လလောက်ကနေ စပြီး သွား
တိုက်ပေးဖို့လိုအပ်လို့နေပါပြီ။

သွားတိုက်ဆေးတွေမှာ များသောအားဖြင့်
Fluoride ပါဝင်ကြပါတယ်။
Fluoride ပါဝင်တဲ့ သွားတိုက်ဆေး တွေကို
အသက်၂နှစ်အောက်ကလေးငယ်လေးတွေ
မျိုချမိရင် ဒါမှမဟုတ် သတ်မှတ်တဲ့ပမာဏ
ထက် ပိုသုံးမိရင် Fluoride အဆိပ်သင့်နိုင်ပြီး
သွားကြွေလွှာတွေကို ပျက်စီး နိုင်သလို ဗိုက်
အောင့်ခြင်း၊ မူးဝေ ၊ အော့အန်ခြင်းများလဲဖြစ်
တတ်ပါတယ်။

ဒါကြောင့် သွားတိုက်ဆေးကို ထွေးမထုတ်
တတ်ပဲ မျိုချတတ်တဲ့ကလေးငယ်လေးတွေ
ဆိုရင် သွားပေါက်တတ်တဲ့အရွယ်က စလို့
၂နှစ်အထိ Fluoride free ပါတဲ့ သွားတိုက်
ဆေးကို ရွေးချယ်သုံးပေးခြင်းက အကောင်း
ဆုံးပါ။ 👍

🦷သွားတိုက်ဆေးကို သွားစ ပေါက်ပြီး
ချိန်ကနေ စပြီး ၂နှစ် အထိကို ဆန်စေ့အရွယ်
သာသုံးပေးပြီး ၊၃နှစ်မှ ၆နှစ်အထိပဲစေ့အရွယ်
ခန့်သာအသုံးပြုပေးပါ။

🦷ထမင်းစားတတ်တဲ့အရွယ် ဇွန်းကိုင်တဲ့
အချိန်ရောက်ပြီဆိုရင် သူတို့လေးတွေအတွက်
သွားတိုက်တံကိုင်တတ်အောင် အရင်သင်ပေးပါ။

🦷သွားတိုက်နည်းစနစ် မှန်ကန်အောင်သင်ပေးပါ ။

🦷သွားတိုက်ဆေး ထွေးထုတ်တတ်အောင်သင်ပေးဖို့ကိုလဲ မမေ့ပါနဲ့နော်။

🦷အသက် ၂နှစ်အောက် ကလေးငယ်လေးတွေအတွက် Fluoride Free သွားတိုက်ဆေးကို အသုံးပြုပေးပြီး..
အသက် ၃နှစ်အထက် သားသားမီးမီးလေးတို့အတွက်ကိုတော့ သွားဆရာဝန်နဲ့ ၆လတစ်ကြိမ် စစ်ဆေးပေးပြီး နည်းစနစ်မှန်စွာ သွားတိုက်နိုင်ဖို့ ပြုစုပျိုးထောင်ကြရအောင်နော်....



Code: BC52447

tracker id: 0 (on) #52447