• Gkxw3hsj0h96ls4rb3f0 Gkxw3hsj0h96ls4rb3f0
  • Dnw7ogfdpzzoxwkxnt2k Dnw7ogfdpzzoxwkxnt2k

Baby Auto Cradle (Comfort)

130,000 Ks

Baby Auto Cradle လေးဟာကလေး ၆ လမှ ၁ နှစ်အရွယ်အတွက် အလိုအလျောက်လွဲပေးနိုင်တဲ့ ပုခက်လေးဖြစ်ပါတယ်။ တီးလုံးသံပါဝင်ပြီး အသံကို အတိုးအလျော့လုပ်လို့ရပါတယ်။ အလွယ်တကူဖြုတ်တပ်လို့ရတဲ့ အမိုးအုပ်ဇာခြင်ထောင်လေးလည်းပါဝင်ပြီး ပုခက်ကိုခေါက်ထားလို့လည်း ရပါတယ်။ ချစ်စရာ အရုပ်လေးတွေလည်း တွဲလောင်းချိတ်ထားတဲ့ပုံစံနဲ့ ပါဝင်ပါတယ်။ အဝေးထိန်း Remote ပါရှိလို့ တစ်နေရာရာကနေ လှမ်းပြီး ချိန်ညှိလို့လည်း အဆင်ပြေပါတယ်။

သတိပြုရန်
-ပုခက်တပ်ဆင်ရာတွင် လိုအပ်သော အဆက်များကို အံဝင်အောင်သေချာစွာစစ်ဆေးတပ်ဆင်ပေးရန်လိုအပ်ပါသည် ။
-ကလေး ၆လမှ၁နှစ် အရွယ်ဝန်းကျင် အလေးချိန်အား ခံနိုင်ပါသည်။

သန့်စင်ရန်နည်းလမ်း
-ပလက်စတစ်အပိုင်းများကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်သည့် ပုံစံအတိုင်း မှန်မှန်ပြုလုပ်ပေးပါ။
-လျှပ်စစ် အစိတ်အပိုင်းများကို ရေမထိပါစေနဲ့။
-ပိတ်စအပိုင်းကို ရေလျှော်၍ အခြောက်လှမ်းနိုင်သည်။

-Baby auto cradle (comfort)
-၆လမှ ၁နှစ်အရွယ်အတွက်
-Length (99cm) x Width (66cm) x Height (83cm)
-တီးလုံးသံပါခြင်း
-အမိုးအုပ်ဇာပါဝင်ခြင်း
-ခေါက်သိမ်းလို့ရခြင်း
-အရောင်- ပန်းရောင်၊ အပြာရောင်၊ ကာကီရောင်
-Made in China

Options: pink blue khaki



Code: KLPLSC901R

tracker id: 0 #14190