• Za8oixdwebykkhmyqv7g Za8oixdwebykkhmyqv7g
  • Gkyqhw8zlqolrjgjco5f Gkyqhw8zlqolrjgjco5f
  • Ajfyoplf0l1uxufhed9c Ajfyoplf0l1uxufhed9c

Safety gate , (8 Months +)

43,400 Ks

လုံခြုံရေး ဂိတ်တံခါး အရှင်လေးဖြစ်ပါတယ်။ အသက် (၈)လ အထက်ဆိုရင် ကလေးလေးတွေ လေးဘက်တွားသွားတတ်စ၊ ကုပ်တွယ်ပြီး မတ်တပ်စမ်းစ အရွယ်ရောက်ပါပြီ။ လှေကား အတက်အဆင်းတွေမှာ လိမ့်ကျမှာ၊ အပေါ်ကို တွယ်တက်ပြီး ပြန်လိမ့်ကျမှာစိုးလို့ ဖေဖေမေမေတို့ တောက်လျှောက် စောင့်ကြည့်နေရပြီဆို တပ်ထားသင့်တဲ့ ဂိတ်တံခါးလေးပါ။ လှေကား အတက် အဆင်း နေရာလေးတွေ ၊ သားသားမီးမီးတို့ကို အိမ်တွင်း မသွားရန် နေရာလေးတွေမှာ တပ်ဆင်ထားလို့ ရပါတယ်။

သတိပြုရန် : တပ်ဆင်ထားရှိရာမှာ အံဝင်ခွင်ကျဖြစ်ဖို့နဲ့ မြဲမြံမှုရှိရပါတယ်။ Lock ကို စနစ်တကျ ချဖို့လိုပါတယ်။

- အလွယ်တကူတပ်ဆင်လို့ရတဲ့ လုံခြုံရေး ဂိတ်တံခါး ဖြစ်ခြင်း။
- အသက်(၈)လ အထက် ကလေးများအတွက် သင့်တော်ခြင်း။
- အမြင့် (၇၆) စင်တီမီတာရှိခြင်း။
- အလျား (၇၅-၈၂) စင်တီမီတာရှိခြင်း။
- Lock ပါဝင်ခြင်း။
- Made in China



Code: LBY00018B

tracker id: -1 (on) #14633