• Sgggnlmxrygvaq09kszk Sgggnlmxrygvaq09kszk
  • R2ffenyvcnru5dd0enkd R2ffenyvcnru5dd0enkd
  • Uwalrmrblla8okgm4niv Uwalrmrblla8okgm4niv
  • P0iy8i30etuhw0gne8n9 P0iy8i30etuhw0gne8n9
  • Qqrmka3tpltsj2ckdcn2 Qqrmka3tpltsj2ckdcn2
  • Iulxfyukmrj1p6vtrbwb Iulxfyukmrj1p6vtrbwb

Silica Gel 10g (20pcs)

4,400 Ks

ထုတ်ကုန်ကတော့ အစိုဓါတ်စုပ်ယူမှုမှာ အခြေခံ
အကျဆုံး ပစ္စည်းဖြစ်တဲ့ " Silica Gel " ပဲ ဖြစ်ပါတယ်။
- ပထမဆုံး "Silica Gel" ရဲ့ သဘောသဘာဝ ကို အရင်ဆုံးပြောပြပါရစေ
- သူဟာ ဆီလီကွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ပြီး ဆံချည်မျှင် အပေါက်ငယ်လေးများ သန်းချီပါဝင်ပါတယ်။
သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အစိုဓါတ်ကို စုပ်ယူကာ
အပေါက်ငယ်လေးတွေထဲမှာ ထိန်းသိမ်းထားပြီး
ဘေးနားက အရာဝတ္ထုတွေကို ခြောက်သွေ့နေစေတာ
ဖြစ်ပါတယ်။ ဒါဟာ အဆိပ်မဟုတ်ပါဘူး။ စားစရာလည်းမဟုတ်ပါဘူးနော်
ဒါပေမဲ့ ကလေးတွေကိုတော့ မထိတွေ့ခိုင်းသင့်ပါဘူး။ ကောက်စားလိုက်တာမျိုး ဖြစ်မှာစိုးလို့ပါ။
#Silica_Gel ရဲ့ အသုံးဝင်ပုံများ
- Silica Gel လေးတွေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါပဲ။
(၁) ဆေးဘူးတွေနဲ့ မုန့်ဘူးတွေထဲမှာ ဒီအထုပ် လေးတွေကို ထားသိုတယ်ဆိုတာက အစိုပြန်မှု ကိုကာကွယ်စေဖို့ပါ။အစိုဓါတ်ကြောင့် မှိုတက်ခြင်း မဖြစ်စေတော့ပဲ
ပစ္စည်းအရည်အသွေးနှင့် သက်တမ်းကိုကြာရှည်ထိန်းသိမ်းထားနိုင်ပါတယ်။
(၂) ပျိုပျိုမေတို့ရဲ့ တန်ဖိုးကြီးလှတဲ့ လက်ကိုင်အိတ် မျိုးစုံတို့အတွက် မှိုတက်ပျက်စီးခြင်းမှ အမြဲတမ်း ကာကွယ်ပေးနိုင်ခြင်း။
(၃) အလှပြင်ပစ္စည်း, မိတ်ကပ်တို့ဖတ် စသည့် အလှကုန် ဆက်စပ်ပစ္စည်း များကိုလည်း မှိုတက်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။
(၄) 925, ငွေထည်, လက်ဝတ်ရတနာ မျိုးစုံတို့ကိုလည်း အစိုဓါတ်ကြောင့် ပျက်စီး အရောင်လွှင့်ပြယ်ခြင်းမှ အပြည့်အဝကာကွယ်ပေးနိုင်ခြင်း။
(၅) Gym ပစ္စည်းအသုံးအဆောင် ထည့်တဲ့အိတ်ထဲကို ထည့်ထားရင်, ဗက်တီးရီးယားနဲ့ မှိုပေါက်ဖွားခြင်း မရှိအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေပါတယ်။
(၆) အီလက်ထရောနစ် ပစ္စည်းများ သိမ်းဆည်းရာတွင်လည်း အသုံးပြုနိုင်ပါတယ်။
ဖုန်းကို မတော်တဆ ရေထိသွားရင် ဒီအထုပ်လေးတွေ ကူနိုင်ကယ်နိုင်ပါတယ်။
သူက ဆန်ထဲမှာ ထားတာထက်တောင် ပိုစွမ်းပါသေးတယ်။ ဒီအထုပ်လေးတွေအများကြီးကို ခွက်ထဲထည့်ပြီး ဖုန်းကိုထားလိုက်ပါ။ စိုထိုင်းမှုကို အလျင်မြန်ဆုံး စုပ်ယူလိုက်နိုင်ပါတယ်။
(၇) ဓာတ်ပုံဟောင်းတွေကိုလည်း
မပျက်စီးစေဖို့ ကယ်တင်နိုင်ပါသေးတယ်။
ဓာတ်ပုံအဟောင်းတွေကို ဘူးတစ်ခုထဲမှာ သိမ်းထားတယ်ဆိုရင် အဲဒီဘူးထဲကို ဒီအိတ် လေးတွေ ထည့်ထားလိုက်ပါ။ဓာတ်ပုံတွေ ဆေးကွာ ပူးကပ်ပြီး
ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၈) သူ့ကို ကားမှန်အောက်ခြေ ကားဒတ်ရှ် ဘုတ်ပေါ် တင်ထားမယ်ဆိုရင်လည်း မြူတွေ နှင်းတွေကြောင့် ကားမှန်စိုစွတ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
(၉) ကင်မရာအိတ်ထဲ ထည့်ထားမယ်ဆိုရင် လည်း ကင်မရာနှင့် မှန်ဘီလူးများကို ခြောက်သွေ့စွာ သိမ်းဆည်း ထားနိုင်မှာပဲဖြစ်ပါတယ်။
(၁၀) မုတ်ဆိတ်ရိတ်ဓားတွေကို ကြာရှည် ထက်မြနေစေချေင်ရင် ဒီအိတ်လေးတွေကို သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေ ထားတဲ့နေရာမှာ ဒီအိတ်လေးတွေကို ထားပေးမယ်ဆိုရင် အစိုဓာတ်တွေကို စုပ်ယူပေးပြီး မုတ်ဆိတ် ရိတ်ဓားတွေ တာရှည်ခံစေဖို့ ကူညီပေးပါတယ်။
(၁၁) ခရီးဆောင်အိတ်ထဲမှာ ထည့်သွားမယ်ဆို ရင်လည်း အနံ့အသက်ကင်းပြီး ခြောက်သွေ့မှု အမြဲ ရှိနေစေမှာ ဖြစ်ပါတယ်။
(၁၂) သစ်စေ့တွေ မျိုးစေ့တွေကို ခြောက်ခြောက် သွေ့သွေ့ သိမ်းဆည်းရမယ်ဆိုရင်လည်း
လေလုံတဲ့ဘူးထဲမှာ ဒီအိတ်လေးတွေကို
ထည့်ပြီး သိမ်းဆည်းပေးနိုင်ပါတယ်။
(၁၃) စက္ကူနဲ့အခြားသော စာရွက်စာတမ်း
တွေကို မှိုတက်ပျက်စီးတာမျိုး မဖြစ်စေဖို့
စာရွက်တွေ သိမ်းဆည်းတဲ့နေရာမှာ ဒီအထုပ်လေးတွေကို ထားပေးလို့ရပါတယ်။ အထူးသဖြင့် ရုံးခန်း ဗီရို စသည်တို့မှာ သုံးသင့်ပါတယ်။



Code: SEC17521

tracker id: 0 (on) #17521