Spout Cup လေးဟာဆိုရင်ရေသောက်သင်ခါစ ကလေးငယ် တစ်နှစ်နဲ့အထက်အသုံးပြုဖို့သင့်တော်တဲ့ ရေဘူးလေးဖြစ်ပါတယ်။ ရေမသောက်တတ်သေးတဲ့ ကလေးငယ်အရွယ်တွေမှာ ရေသီးခြင်း၊ လေအောင့်ခြင်း မဖြစ်စေအောင်ကာကွယ်ပေးပါတယ်။ ရေဘူးထိပ်မှာပါတဲ့ နှုတ်သီးလေးက ရေကိုကလေးငယ်တွေရဲ့ပါးစပ်ထဲကို နည်းနည်းချင်းစီ ၀င်အောင်ကူညီပေးပါတယ်။ တစ်ငုံစာချင်းထည့်ပေးတာကြောင့် ကလေးငယ်တွေရေသီးတာမျိုးကို မဖြစ်စေပါဘူး။ ဒါ့အပြင် လက်ကိုင်လေးလည်းပါတာမို့ ကလေးငယ်လေးတွေကိုယ်တိုင်ကိုင်သောက်တတ်အောင် လေ့ကျင့်ပေးရာရောက်စေပါတယ်။ ကလေးငယ်တစ်နေ့တာရေသောက်တဲ့ ပမာဏကိုမှတ်သားနိုင်စေဖို့ (260 ml) ဆန့်ရေဘူးလေးမှာ ml အဆင့်ဆင့်တွေကိုလည်းမှတ်သားပေးထားပါသေးတယ်။ ချစ်စရာအရောင်လေးတွေ အပြင် ချစ်စရာအရုပ်လေးတွေပါတာမို့ ကလေးငယ်တွေနှစ်ခြိုက်အကြိုက်တွေ့စေပါတယ်။ သန့်ရှင်းစေဖို့ ရေဘူးကို မကြာခနဆေးကြောပေးရန်လိုအပ်သလို ရေသောက်ပြီးတိုင်း နှုတ်သီးအဖုံးလေးကို ပြန်ဖုံးပေးဖို့လိုအပ်ပါတယ်။
- Spout Cup Deco ကလေးသောက်ရေဘူး
- တစ်ဘူးတွင် (260ml) ၀င်ဆန့်ခြင်း
- ကလေးအသက် တစ်နှစ်နဲ့အထက်အသုံးပြုနိုင်ခြင်း
- Made in England
Code: 8710103543916
tracker id: 2 #1297