• Icnjofqqs6rhpoh76wsw Icnjofqqs6rhpoh76wsw

မီးမီးလေးရဲ့ဖိနပ်လေး

5,500 Ks

Promotion

June 2025 Promotion-Third Story Buy1 Get 10% Off

10%


မီးမီးလေးရဲ့ ဖိနပ်လေး
ကလေးတချို့ဟာ ဖိနပ်လေးတေွကို သိပ်သိပ်ကြိုက်ပြီး ဘယ်နေရာမဆို စီးချင်နေတော့တာ မေမေတို့ ဖေဖေတို့ ကြုံဖူးကြမှာပါ။ ဒီအခါကျရင် စည်းနဲ့ကမ်းနဲ့ စီးကြဖို့လည်း သင်ပေးရပြန်ပါသေးတယ်။ အဲဒီလို သင်ပေးတဲ့အခါ ပုံပြင်လေးနဲ့ဆိုရင် ကလေးတေွမှတ်သားလွယ်ပြီး အလွယ်တကူ လက်ခံကြမှာ သေချာပါတယ်။
ခုတစ်ခါ ထုတ်ဝေမယ့် စာအုပ်လေးက မီးမီးလေးရဲ့ ဖိနပ်လေး လို့ အမည်ရပါတယ်။ သိပ်ကြိုက်ရတဲ့ ဖိနပ်လေးမို့ နေရာတကာမှာ စီးမိတဲ့ မီးမီးလေးနဲ့ ညစ်ပတ်သွားပြီး ကျောက်တေွှပုတ်ကုန်လို့ မလှတော့တဲ့ ဖိနပ်လေးတို့ရဲ့ အကြောင်းလေးပါ။
ကျောက်တေွှပုတ်ကုန်လို့ မီးမီးလေးက မစီးတော့တဲ့အခါ ဘယ်ဘက်နဲ့ညာဘက် ဖိနပ်လေးတေွဟာ ရန်ဖြစ်ကြပါသတဲ့။ ဒီလို မတည့်ကြတော့တဲ့နောက်ပိုင်း ဘာတေွ ဆက်ဖြစ်ကြမယ်ဆိုတာကို ကလေးတို့ သင်ယူရင်း အပျင်းပြေဖို့ ဖတ်ကြည့်စေချင်ပါတယ်။
ပစ္စည်းတေွကို စနစ်တကျ ကိုင်တွယ်တတ်ဖို့၊ အချင်းချင်း သင့်မြတ်စွာ နေထိုင်တတ်ဖို့နဲ့ ပျော်ရွှင်စွာနဲ့ ချစ်ခင် တတ်စေဖို့ မီးမီးလေးရဲ့ ဖိနပ်လေး ဆိုတဲ့ ပုံပြင်လေး ထွက်ပါတော့မယ်။ ဒီပုံပြင်လေးကို ရှမ်းပြည်နယ် တောင်ကြီးမြို့က ကလေးတို့ရဲ့ဆရာမ မမင်းမင်းက ရေးသားထားတာဖြစ်ပါတယ်။



Code: TS0049

tracker id: 0 (on) #6125