• R8hmlqgp75ulwbsn7quj R8hmlqgp75ulwbsn7quj

WGP Mini Ups

50,000 Ks

#WifiPowerbank

မင်မင့်ရဲ့ကာကာလေးတွေရေ မီးပျက်ရင်Wifiနဲ့ကောတစ်ပြိုင်နက်ထဲphပါအားသွင်းလို့ရင်းတွဲသုံးလို့ရတဲ့Power bankလေးပြန်ရောက်ပါပြီရှင့်

Brand: WGP
Item: Mini UPS + Power bank
Model: 5912
Price: 5,0000 Kyats

Electronic Devices များအတွက် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုမရှိစေရန် Power Backup အဖြစ်သာမက Portable Power Bank အဖြစ်ပါသုံးစွဲနိုင်သော 2 in 1 device လေးဖြစ်ပါတယ်။
မီးအားပြတ်တောက်သွားချိန်တွင် တပ်ဆင်သော device ကို Battery Power ဖြင့်ဆက်လက်စွမ်းအင်ပေးနေမည်ဖြစ်ပြီး လျှပ်စစ်မီးပြန်လည်ရရှိချိန်တွင် အလိုအလျှောက်ပြောင်းလဲ မီးအားသွင်းပေးနေမည်ဖြစ်ပါသည်။ ထို့အတွက် Online တွင် ရုပ်ရှင်ကြည့်နေသူများ၊ Game ကစားနေသူများ၊ Video Conference ပြုလုပ်နေသူများ၊ Training တက်နေသူများ အတွက် အနှောင့်အယှက်လုံးဝမဖြစ်ဘဲ Downtime Zero ဖြင့် ဆက်လက်လုပ်ကိုင်နေနိုင်မည်ဖြစ်ပါသည်။ အရွယ်အစားအားဖြင့်လည်း (116*73*24)mm သာရှိပြီး နေရာအနှံ့အလွယ်တကူယူဆောင်သွားနိုင်သော Power Bank အဖြစ်လည်းသုံးစွဲနိုင်ပါသည်။
လျှပ်စစ်မီးမရှိသော ဒေသများတွင်လည်း 12v Solar Panel ဖြင့် တိုက်ရိုက်အားသွင်း
သုံးစွဲရန် အဆင်ပြေပါသည်။
Output အနေဖြင့်လည်း 5v USB Port, 9V , 12V Port များစုံလင်စွာပါရှိသောကြောင့် USB အပေါက်ဖြင့် သုံးစွဲနိုင်သော Mobil Phone,Tablet, LED မီးသီး၊ ပန်ကာ စသောကိရိယာများအပြင် 9V, 12V ဖြင့်သုံးစွဲရသော Security Carmera, Fingerprint, WIFI Router, Fiber Media Converter, Switch စသော လျှပ်စစ်မပြတ်တောက်ရမည့် ပစ္စည်းများအတွက်လည်း ကောင်းမွန်စွာသုံးစွဲနိုင်ပါသည်။အပေါက် (၃)မျိုးပါရှိသောကြောင့် device (3)မျိုးကိုတပြိုင်ထဲသုံးစွဲနိုင်ပါသည်။
ကိရိယာမျိုးစုံအတွက် အလွယ်တကူသုံးစွဲနိုင်စေရန် Cable မျိုးစုံ, Power connector type မျိုးစုံနှင့် connector adapter မျိုးစုံပါရှိပါသည်။
High Quality 18650 Li-ion Battery 8800mAH ပါရှိသောကြောင့် လျှပ်စစ်ပစ္စည်းများကို မီးပြတ်ချိန်တွင် တည်ငြိမ်မှန်ကန်သော Power ကို အချိန် (၄) နာရီမှ (၈) အထိ သုံးစွဲသည့် deviceမှ Power သုံးစွဲမှုအပေါ်မူတည်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းပေးထားနိုင်မည်ဖြစ်ပါသည်။
Installer များနှင့် Reseller များအတွက် အထူးညှိနှိုင်းဈေးနှုန်းများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနှံ့နေရာတော်တော်များများ အိမ်အရောက်ငွေချေရလို့ စိတ်ချလက်ချ၀ယ်ယူနိုင်ပါပြီရှင်



Code: OKC47631

tracker id: 0 (on) #47631