• F23junlesfuhczxslvd6 F23junlesfuhczxslvd6

Yogikids Strawberry & Banana Pouch, one year and above, 80g

1,800 Ks

Yogikids အသင့်စားဒိန်ချဉ်လေးဟာ ၁နှစ်နဲ့အထက် ကလေးများအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ အဆာပြေမုန့်လေးဖြစ်ပါတယ်။ ပိုးသတ်သန့်စင်ပြီး နွားနို့ ၈၅% ကို စတော်ဘယ်ရီ၊ ငှက်ပျောသီးအနှစ်လေးတွေနဲ့ပေါင်းစပ်ထုတ်လုပ်ထားလို့ အာဟာရပြည့်ပြီး အနံ့အရသာလည်း ကောင်းမွန်ပါတယ်။ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ဓာတ် ပြည့်ဝစွာပါဝင်တဲ့အတွက် ကလေးတို့ရဲ့ အရိုးအဆစ်များကို သန်မာစေပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကိုပါ အထောက်အကူပြုပါတယ်။
Vitamins A, D, E နဲ့ B9 ပါဝင်လို့ မှတ်ဉာဏ်စွမ်းအားကောင်းမွန်ပြီး အသားအရေ ကြည်လင်စေပါတယ်။ ဝမ်းချုပ်တတ်တဲ့ ကလေးတွေအတွက်အထူးပဲသင့်လျော်တဲ့ နို့ချဉ်လေးဖြစ်ပါတယ်။ အနံ့အရသာလည်းကောင်းမွန်ပြီး စားရတာလည်းလွယ်လို့ ကလေးတွေ အတော်ပဲ ကြိုက်နှစ်သက်ကြပါတယ်။ သာမန်အပူချိန်မှာပဲထားနိုင်ပြီး သပ်ရပ်တဲ့ ထုတ်ပိုးပုံကြောင့် သွားလေရာ အလွယ်တကူယူသွားလို့ရပါတယ်။

သတိပြုရန်-ဖွင့်ပြီးပါက တစ်ခါတည်းကုန်အောင် စားသင့်ပါတယ်။

- Yogurt(ဒိန်ချဉ်)
- 80g ပါဝင်ခြင်း
- ၁နှစ်နဲ့အထက် ကလေးများအတွက်ဖြစ်ခြင်း
- Gluten free
- Made in Spain



Code: 8410128416201

tracker id: 35 #7085