မေမေတို့ရေ သားသားမီးမီးလေးတွေ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ မေမေတို့အတွက် သတိပြုစရာတွေများတယ်နော်။ ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်မေမေက RH အနုတ်သွေးအမျိုးအစားဖြစ်တယ်။ ခင်ပွန်းသည်ရဲ့ သွေးနဲ့အုပ်စုချင်းကမတူတဲ့အပြင် ခင်ပွန်းသည်က RH အပေါင်းသွေးအမျိုးအစားဖြစ်နေတယ်ဆိုရင် သန္ဓေသားအတွက် ဘယ်လိုအချက်တွေကို ဂရုစိုက်ပေးရမယ်ဆိုတာကို မေ့ရင်သွေးမဂ္ဂဇင်းမှာဖော်ပြချက်လေးအတိုင်း မျှဝေပေးလိုက်ပါတယ်နော်။
မေမေတို့ရေ အဲ့ဒီလိုသွေးအမျိုးအစားကွဲပြားသူနှစ်ဦးအတွက် မိခင်က အနုတ်ဖြစ်ပြီး ဖခင်က အပေါင်းဖြစ်နေတယ်ဆိုရင် ကလေးငယ်အတွက် အနုတ်သွေးမဖြစ်နိုင်ပါဘူး။ အဲ့ဒီလိုအခြေအနေမှာဆိုရင် ကလေးနဲ့အမေ သွေးမတူတာကြောင့် ကလေးရဲ့သွေးကို ပြန်ဖျက်တဲ့ဓာတ်တွေပေါ်နေတတ်ပါတယ်။ ဒီဓာတ်ကတော့ သားဦးမှာပြဿနာမရှိတတ်ပေမယ့် သားနှောင်းမှာ အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေကို ကာကွယ်ဖို့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးမွေးချင်းမှာ ကလေးငယ်ကို ဆေးထိုးပေးနိုင်ပါတယ်။ အဲ့ဒီဆေးဟာ စျေးကြီးပေမယ့် ကလေးငယ်အန္တရာယ်မရှိစေဖို့အတွက် ထိုးပေးသင့်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို သေချာစနစ်တကျနဲ့ခံယူဖို့လည်း လိုအပ်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး