မေမေတို့ရေ နို့ထွက်ကောင်းမွန်စေဖို့အတွက် ဘယ်လိုမျိုးနည်းလမ်းကောင်းလေးတွေ ဆောင်ရွက်ဖို့လိုတယ်ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။ မေ့ရင်သွေးမဂ္ဂဇင်းမှာဖော်ပြထားတဲ့ နို့ထွက်စေဖို့ နည်းလမ်းကောင်းလေးတွေကို ကျားလေးရဲ့မေမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
နို့ထွက်ကောင်းမွန်စေဖို့အတွက် အကောင်းဆုံးသဘာဝနည်းလမ်းကတော့ မိခင်ရဲ့ပျော်ရွှင်မှုပါ။ ပျော်ရွှင်နေပြီး နို့တိုက်လိုစိတ်အပြည့်ရှိနေမယ်ဆိုရင် သာမာန်ထက်နို့ပိုထွက်နိုင်ပါတယ်မေမေတို့ရေ။ နောက်တစ်ခုကတော့ ရှေးလူကြီးတွေရဲ့ အဆိုအရ နွားမြီး၊ ဒန့်သလွန်ရွက်တွေကလည်း နို့ကို လှိုင်လှိုင်ထွက်စေတယ်လို့ ဆိုပါတယ်။
နို့တိုက်မိခင်တွေ နို့များများထွက်ဖို့ဆိုရင်တော့ နို့ထွက်များတဲ့အစားအစာတွေကို များများစားပြီး ကလေးကိုနို့များများတိုက်မယ်ဆိုရင် နို့ပိုထွက်နိုင်ပါတယ်နော်။ နောက်တစ်ခုကတော့ ကလေးနို့စို့ပြီးချိန်မှာ နို့ပိုတွေရှိတယ်ဆိုရင်လည်း နို့ကျန်တွေကို ညှစ်ထုတ်ပေးဖို့လိုပါတယ်။ အဲ့ဒီလိုနို့တွေကို ညှစ်ထုတ်ပြီး နို့ကျန်တွေမရှိမှလည်း နို့ပြွန်ထဲကို နို့သစ်တွေစီးဝင်ပြီး သားသားမီးမီးလေးတွေနို့စို့ချိန်မှာ နို့ပိုထွက်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကလေးငိုသံကြားရင် မိခင်နို့ပိုထွက်နိုင်တယ်လို့လည်း ဆိုပါတယ်နော်။
အဓိကကတော့ နို့လှိုင်လှိုင်ထွက်စေဖို့ ကလေးကို နို့များများစို့ခိုင်းပြီး မိခင်ကိုယ်တိုင်ကလည်း နို့ထွက်များစေမယ့် အစားအစာတွေကို ပိုမိုစားသုံးဖို့လိုအပ်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး