မေမေ၊ ဖေဖေတို့ရေ ကိုယ့်ရဲ့ရင်သွေးကလေးတွေမှာ တီဘီရောဂါရှိ၊ မရှိဆိုတာကို သိရှိပြီး ကုသမှုပေးနိုင်ဖို့လိုအပ်ပါတယ်။ တီဘီရောဂါက အချိန်မီကုသပြီး ဆရာဝန်လမ်းညွှန်ချက်တွေအတိုင်း ဆေးကိုပုံမှန်တိုက်ပေးမယ်ဆိုရင် ပျောက်ကင်းပြီး စိတ်ပူဖို့မလိုတော့ပါဘူးနော်။ အဲ့ဒါကြောင့်လည်း တီဘီရောဂါရှိနေ၊ မရှိနေဆိုတာကို အရင်ဆုံး သိရှိဖို့အတွက် ဒီအချက်လေးတွေကို လေ့လာထားနိုင်ပါတယ်။
ဖေဖေ၊ မေမေတို့ရေ ကိုယ့်မိသားစုအတွင်း တီဘီရောဂါရှိနိုင်၊ မရှိနိုင်ဆိုတာအတွက်ကိုလည်း ဒီမေးခွန်းလေးတွေကို ဖြေဆိုကြည့်ပြီး ခန့်မှန်းသိနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အဖြေဟာ ဟုတ်တယ်ဆိုတာတွေချည်းများနေရင်တော့ ဆရာဝန်တွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်နော်။
Source - အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း
ဖေဖေ၊ မေမေတို့ရေ ကိုယ့်မိသားစုအတွင်း တီဘီရောဂါရှိနိုင်၊ မရှိနိုင်ဆိုတာအတွက်ကိုလည်း ဒီမေးခွန်းလေတွေကို ဖြေဆိုကြည့်ပြီး ခန့်မှန်းသိနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အဖြေဟာ ဟုတ်တယ်ဆိုတာတွေချည်းများနေရင်တော့ ဆရာဝန်တွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်နော်။
Source - အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း
ကလေးငယ်မှာ နှစ်ပတ်ထက်ပိုပြီးချောင်းဆိုးတာ၊ ထင်ရှားတဲ့အကြောင်းအရာမရှိဘဲ နှစ်ပတ်ထက်ပိုပြီးဖျားတာ၊ ကိုယ်အလေးချိန်ကျဆင်းတာ (ဒါမှမဟုတ်) ရှိသင်တဲ့ကိုယ်အလေးချိန်အထိ တိုးတက်မလာတာ၊ တီဘီရောဂါသံသယရှိသူ (ဒါမှမဟုတ်) တီဘီရောဂါသံသယရှိသူနဲ့ အနီးကပ်နေထိုင်ခဲ့တာ အဲ့ဒီလိုအချက်တွနဲ့ ငြိနေပြီဆိုရင်တော့ မေမေ၊ ဖေဖေတို့က ကလေးငယ်ရဲ့ တီဘီရောဂါအတွက် စစ်ဆေးဖို့လိုအပ်နေပါပြီ။ တကယ်လို့ ဖေဖေ၊ မေမေတို့က သံသယရှိပြီဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာပြသပြီး စစ်ဆေးချက်တွေကို ရယူလို့ ရောဂါဖြစ်ပွားနေပြီဆိုပါက ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆေးတိုက်ဖို့လိုအပ်နေပါပြီ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး