စျေး မီဒီယာ
အခြား

ရုံးတက်တော့မယ့်မေမေ မိခင်နို့ဘယ်လိုတိုက်မလဲ?

Posted by May Thaw Htoo September 5, 2022
Dwvoirmvdjxqn61stce7

မေမေတို့ရေ ရင်သွေးလေးကို မွေးဖွားပြီးတော့ ရုံးအလုပ်တွေ ခွင့်စေ့လို့ပြန်သွားရတော့မှာလား ??
ဒီလိုအခြေအနေတွေအတွက် အိမ်မှာထားခဲ့ရမယ့် ကလေးငယ်ကို မိခင်နို့ချိုတိုက်ကျွေးဖို့ ပူပန်ရပြီနော်။ ရုံးပြန်တက်တော့မယ့်မေမေတွေအနေနဲ့ ..

- ရုံးမသွားမီနဲ့ ပြန်ရောက်ရောက်လျှင် မိခင်နို့ အဝတိုက်ကျွေးဖို့လိုပါတယ်။

- ရုံးမှာလည်း မိခင်နို့ကို ညစ်ပြီး ရေခဲသေတ္တာနဲ့ သိမ်းထားဖို့လိုမှာပါ။ (နို့အုံမှာ နို့ကျန်မထားဘဲ အချိန်လိုက်ညှစ်ထုတ်ပေးထားနိုင်မှလည်း ကလေးငယ်နို့စို့တဲ့အခါ လတ်ဆတ်ပြီးအာဟာရပြည့်ဝတဲ့ နို့ရည်ချိုကို သောက်သုံးနိုင်မှာပါ)

- အဲ့ဒီလိုညှစ်ထုတ်ထားတဲ့ နို့ရည်တွေကို သေချာသိမ်းဆည်းထားပြီး နောက်နေ့ရုံးသွားချိန်တိုက်ကျွေးနိုင်ဖို့လိုပါတယ်။ အဲ့ဒါကြောင့်လည်း နို့သိမ်းရာမှာ စနစ်ကျဖို့ကို မေမေတို့တွေအားလုံးက ဂရုစိုက်ပေးဖို့လိုပါတယ်နော်။

- နောက်တစ်ချက်မေမေတို့သတိထားဖို့ကတော့ ရုံးပြန်တက်ရတော့မယ့် ရက်ကို ကြိုသိနေရတာဖြစ်လို့ အဲ့ဒီရက်မတိုင်မီမှာ ကလေးငယ်ကို တစ်ပတ်လောက်ကြိုတင်ပြီး နို့ဗူးနဲ့နို့သောက်သုံးနိုင်ခြင်းကို လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ အဲ့ဒါမှလည်း မေမေရုံးသွားနေချိန်မှာ ကလေးငယ်က နို့ဗူးနဲ့သောက်ဖို့ကို ကျင့်သားရနေမှာဖြစ်ပါတယ်နော်။

- မေမေကျန်းမာ၊ သားသားမီးမီးလည်းကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.