စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ဗိုက်ခွဲမေွးထားတဲ့မေမေတေွ အနာအမြန်ကျက်ပြီးတော့ ပြန်လာသက်သာလာစေဖို့အတွက် ဘာတေွကို လုပ်ဆောင်ရမလဲ

Posted by Zaw Lin Aung November 4, 2019
Dix38ntedhxrx5lmx4vn

ဒီဘက်ခေတ်မှာ ဗိုက်ခွဲမေွးတယ်ဆိုတာ အရင်တုန်းကလောက်တော့ ကြောက်စရာ မကောင်းတော့ပါဘူး။ ဒါပေမယ့်လည်း ခွဲထားတဲ့အရှိန်က ရှိနေတော့ မေမေတေွအနေနဲ့ ကလေးကို နို့တိုက်တဲ့အခါ ကိုယ့်ကျန်းမာရေးကြောင့် ပြဿနာတစ်စုံတစ်ရာ တစ်စုံတစ်ခုများ ရှိလာမလားဆိုပြီးတော့ စိုးရိမ်ပူပန်စိတ်တေွ ဝင်လာတတ်ပါတယ်။ နောက်ပြီးတော့ ခွဲထားတဲ့နေရာကိုလည်း သေချာဂရုစိုက်ဖို့နဲ့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို အရင်ကထက် ပိုပြီးတော့ ကောင်းကောင်း သတိထားဖို့ လိုပါတယ်နော်။ ဒီဆောင်းပါးမှာတော့ ဗိုက်ခွဲမေွးထားတဲ့မေမေတေွအတွက် အမြန်နာလန်ထူနိုင်ဖို့ ၊ ခွဲမေွးထားတဲ့ အနာ မြန်မြန်ကျက်စေဖို့ ၊ သိထားသင့်တဲ့ ဆောင်ရန်၊ ရေှာင်ရန်၊ နေထိုင်မှုပုံစံတေွကို အခုလိုပဲ မိုမိုလေးပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။

Qimpylio4hr7crtqffon

၁။ အရင်ဆုံး အိပ်ချိန်ပြည့်ဝစွာအိပ်ပါ
---------------------------------------

ဘယ်လောက်ပဲ စိုးရိမ်စရာသိပ်မရှိတော့ဘူးပြောပြော ဗိုက်ခွဲမေွးတယ်ဆိုတာက အကြီးဆုံး ခွဲစိတ်မှုတစ်ခုပါပဲ။ ဒါကြောင့် ခွဲစိတ်မှုအပြီးမှာ ဒဏ်ရာအမြန် ပြန်လည်ကျက်စေဖို့အတွက် အရင်ဆုံး လုပ်ရမယ့်အရာကတော့ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့ပါပဲ။ အကောင်းဆုံးကတော့ ခွဲမေွးပြီး တစ်ပတ်အတွင်း ဆေးရုံမှာပဲ သေချာအနားယူပါ။ ဆေးရုံကဆင်းပြီး ၆ပတ်အတွင်း အိမ်မှာပဲ ကောင်းကောင်း အနားယူပါ။ အလုပ်လည်း မသွားပါနဲ့။ အိပ်ချိန်ကို တစ်နေ့ အနည်းဆုံး ၈နာရီအပြည့်ပေးပြီး အိပ်စက်အနားယူပါ။ တစ်နေ့လုံးတော့ အိပ်ရာထဲမှာပဲ နေစရာတော့ မလိုပါဘူး။ အိမ်အလုပ် ပေါ့ပေါ့ပါးပါးလေး ထလုပ်တာ ၊ အိမ်ထဲမှာပဲ လမ်းထလေှျာက်တာ၊ ကလေးနို့တိုက်တာမျိုးတေွတော့ လုပ်ပေးလို့် ရပါတယ်။

Xmwokwlcpjrtlyuen6hb

၂။ လေ့ကျင့်ခန်းလုပ်တာကို ရေှာင်ပါ
---------------------------------------

ခွဲမေွးပြီးတော့ နောက်၆လအထိကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်တာ၊ ဗိုက်ကို ထိစေမယ့် လေ့ကျင့်ခန်းလုပ်တာမျိုးတေွ လုံးဝ ရေှာင်ပါ။ လမ်းလေှျာက်တာလောက်တော့ လုပ်ပေးလို့ရပါတယ်။ နောက်ပြီးရင် မပြေးပါနဲ့၊ အလေးမမပါနဲ့၊ Gym မကစားပါနဲ့၊ အထုပ်အပိုးတေွ မသယ်ပါနဲ့၊ အညေှာ်မခံပါနဲ့။ အိပ်ရာကနေ ထလာတဲ့အခါ လက်နှစ်ဖက်ကို အားပြုပြီးတော့ ဖြည်းဖြည်းချင်း ထပါ။ အိပ်တဲ့အခါ ပက်လက်ပဲ အိပ်ပါ။ အနာကို မလိုအပ်ဘဲ လက်နဲ့ထိတာ၊ ပွတ်သပ်ကိုင်တွယ်တာမျိုးတော့ မလုပ်ပါနဲ့။

Ajss6ci1snxqw0zu1vep

၃။ အကိုက်အခဲပျောက်ဆေးတေွ လေှျာက်မသောက်ပါနဲ့
------------------------------------------------------------

ခွဲပြီးကာစမှာ နာတဲ့အရှိန်က အနည်းနဲ့ အများ ကျန်နိုင်ပါတယ်။ ဒီအတွက် ကိုယ်ပြနေတဲ့ ဆရာဝန်ဆီမှာ အကိုက်အခဲပျောက်ဆေးညွှန်းဖို့အတွက် ပြောလို့ရပါတယ်။ ကိုယ့်ဘာသာ ဆေးဆိုင်မှာသွားပြီးတော့ တေွ့ရာဆေး လေှျာက်သောက်တာမျိုး မလုပ်ပါနဲ့။ စွဲသောက်နေရတဲ့ ဆေးတေွ ရှိရင် ဆရာဝန်ကို ပြောထားပါ။ သောက်လိုတဲ့ အားဆေးတေွ၊ ဖြည့်စွက်စာတေွ ရှိရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး လိုအပ်မှ သောက်ပေးပါ။

Dv6pfzpcbpiuncppoxkf

၄။ အစာအာဟာရကို သေချာဂရုစိုက်ပါ
------------------------------------------

ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကိုယ့်ရဲ့ နေ့စဉ်အာဟာရကို ဂရုစိုက်ဖို့လိုအပ်သလို ဗိုက်ခွဲမေွးပြီးသွားတဲ့အခါမှာလည်း ခွဲထားတဲ့ အနာမြန်မြန်ကျက်စေဖို့အတွက် ဂရုစိုက်ပေးရပါမယ်။ နေ့စဉ် အစာအာဟာရမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ ပဲ၊ နွားနို့ ဦးစားပေးစားသုံးပါ။ အသား၊ ငါးတေွကိုလည်း များများစားပေးပါ။ ရေများများသောက်ပါ။ အမာစာတေွထက် ကြက်စွပ်ပြုတ်လေးတေွ သောက်ပေးတာက ပိုအဆင်ပြေပါတယ်။ ဝမ်းချုပ်စေနိုင်တဲ့ အစားအစာတေွကို ရေှာင်ပါ။ ဘာတေွကို သတိထားမလဲ။ ခွဲမေွးပြီး ၆ပတ်အတွင်းမှာ ဒဏ်ရာက အနည်းငယ် ကိုက်ခဲနာကျင်တာ ၊ သေွးထွက်တာ ၊ အရည်အနည်းငယ် စိမ့်ထွက်တာမျိုးတေွ ဖြစ်နိုင်ပါတယ်။ ဒါက ပုံမှန်ပဲမို့ အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။

O6al8gsbe1dw1geghhhn

တကယ်လို့ ခွဲထားတဲ့နေရာမှာ နီရဲပြီး ရောင်နေတာ
၁။ ပြည်တေွ စိမ့်ထွက်လာတာ
၂။ မခံမရပ်နိုင်အောင် နာကျင်နေတာ
၃။ အပြင်းဖျားတာ
၄။ မိန်းမကိုယ်ကနေ အနံ့အသက်မကောင်းတဲ့ အရည်တေွ စိမ့်ထွက်လာတာ
၅။ သေွးတေွအများကြီးဆင်းတာ
၆။ ခြေထောက်ဖောရောင်တာ
ရ။အသက်ရှူရခက်ခဲတာ
၈။ ရင်သားထဲက အောင့်သလို ခံစားနေရတာစသည်တို့ပဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတေွ တေွ့ရတယ်ဆိုရင်တော့ ကိုယ်ပြနေကျ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီးတော့ ကျန်းမာရေး စစ်ဆေးဖို့ လိုပါတယ်။ ပြီးရင် နောက်တစ်ခါ ခွဲထားတဲ့ ဒဏ်ရာကို ပိုးမဝင်အောင် သေချာဂရုစိုက်ပါ။ တကယ်လို့ ဆရာဝန်က ဆေးပေးလိုက်ရင်တော့ တစ်ခြားနည်းလမ်းတေွ မစဉ်းစားပဲ အဲ့ဆေးအညွှန်းအတိုင်းသာ သောက်ပေးပါနော်။
#Ref( hello - ဗိုက်ခွဲထားတဲ့ မေမေနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.