စျေး မီဒီယာ
အခြား

ကျန်းမာပြီး ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်ဖို့ ....

Posted by May Thaw Htoo August 28, 2022
Msx1pzn2v2kpt8tifb32

မေမေတို့ရေ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ကျန်းမာပြီး ထက်မြက်ထူးချွန်တဲ့ကလေးတစ်ဦးဖြစ်လာစေဖို့ဆိုတာ မိဘတိုင်းရဲ့ ဆန္ဒပါပဲနော်။ ဒီလိုအခြေအနေမျိုးတွေမှာ သားသားမီးမီးလေးတွေအတွက် ဘယ်လိုမျိုးဖြည့်ဆည်းပေးရမယ်ဆိုတာက အရေးကြီးလာပါပြီနော်။ ထူးချွန်ထက်မြက်ပြီး ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့ဆိုရင်တော့ ...
- မနက်ခင်းရဲ့နေရာင်ခြည်နုနုလေးနဲ့ ထိတွေ့ပေးဖို့လိုပါတယ်တဲ့။ မနက်ခင်းနွေးထွေးတဲ့နေရောင်ခြည်မှာ ဗီတာမင်ဒီဓာတ်အလုံအလောက်ပါဝင်တာကြောင့် ကလေးတွေကျန်းမာထက်မြက်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
- ဖောလစ်အက်ဆစ်လည်းလိုအပ်ပါတယ်မေမေတို့ရေ။ မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ဘဝမှာလည်း ဒီဖောလစ်အက်ဆစ်ကအရေးကြီးသလို ကလေးငယ်တွေရဲ့ဖွံ့ဖြိုးရေးအတွက်လည်း ထောက်ပံ့ပေးနိုင်တာပါ။
- အိုမီဂါ 3 ကတော့ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရမ်းကိုလိုအပ်တဲ့ဓာတ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီဓာတ်ကိုတော့ ဆော်လမွန်ငါး၊ တူနာငါးနဲ့ ပင်လယ်ငါးအချို့ကနေ ရရှိနိုင်ပါတယ်။
- ကလေးတွေရဲ့ ကျန်းမာထက်မြက်မှုအတွက်နောက်ထပ်လိုအပ်တာကတော့ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးမှုပါပဲ။ သံဓာတ်လုံလောက်ဖို့အတွက် ကလေးငယ်တွေရဲ့ နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေ ရရှိနိုင်သလို သံဓာတ်ဖြည့်တင်းတဲ့ အာဟာရမှုန့်တွေကိုလည်း အစားအစာတွေထဲမှာ ထည့်သွင်းကျွေးပေးလို့ရပါတယ်။
- ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကလည်း ကလေးငယ်တွေရဲ့ဖွံ့ဖြိုးထက်မြက်မှုအတွက် ထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးငယ်တစ်ဦးအတွက် နေ့စဉ် ပရိုတင်းဓာတ် ၁၀ ဂရမ်ရှိနေဖို့လိုပါတယ်။
- နောက်ထပ်လိုအပ်တာကတော့ အိုင်အိုဒင်းဓာတ်ပြည့်ဝဖို့ပါ။
- ကလေးငယ်တွေအတွက် လိုအပ်တဲ့အာဟာရအုပ်စုကြီး ၃ စုအပြင်မှာ အခြားဖြည့်စွက်လိုအပ်တဲ့ ဒီအာဟာရဓာတ်တွေက ရင်သွေးလေးတွေထက်မြက်ထူးချွန်ပြီး ပျော်ရွှင်စွာနဲ့ စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် အထောက်အပံ့တွေအများအပြားရရှိစေမှာပါနော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.