စျေး မီဒီယာ
အခြား

ကိုယ်ဝန်ဆောင် ၇ လ မေမေတို့အတွက် ဂရုပြုဖွယ် ..

Posted by May Thaw Htoo August 30, 2022
Wdb1vdnrnn5dkmmm1jw0

မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလ ၇ လအရွယ်ရောက်ပြီဆိုရင်တော့ မေမေတို့အတွက် အာဟာရလိုအပ်ချက်တွေ ပိုများလာပြီနော်။ ဒီကာလမှာတော့ သံဓာတ်နဲ့ ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့လိုပါတယ်။ ထမင်းများများစားဖို့လည်း လိုအပ်သလို ပဲအမျိုးမျိုးလည်း စားသုံးဖို့လိုအပ်ပါတယ်။

နောက်တစ်မျိုးကတော့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကိုလည်း ရွေးချယ်ပေးရပါမယ်။ ကယ်လ်ဆီယမ်ကြွယ်ဝဖို့အတွက်ဆိုရင်တော့ နို့၊ ဒိန်ချဉ်၊ ဆော်လမွန်ငါးတွေကို စားသုံးပေးဖို့လိုပါတယ်။

မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့အစားအစာတွေကိုလည်း ကိုယ်ဝန်ဆောင် ၇ လအရွယ်မှာ စားသုံးပေးဖို့လိုပါတယ်နော်။ ရွှေဖရုံစေ့လိုမျိုးတွေ၊ ပဲစေ့တွေကို စားသုံးပေးရင်အဆင်ပြေနိုင်ပါတယ်။

fatty acid ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ နို့၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။

ဖောလစ်အက်ဆစ်ကြွယ်ဝဖို့၊ အမျှင်ဓာတ်ကြွယ်ဝဖို့နဲ့ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးဖို့လည်း အဓိကလိုအပ်နေပါတယ်။ ဒီကာလမှာ မွေးဖွားဖို့အတွက် ကြိုတင်ပြင်ဆင်အားယူနေရမယ့် ကာလဖြစ်တဲ့အတွက် ကလေးငယ်ကို ကျန်းကျန်းမာမာမွေးဖွားပေးနိုင်ဖို့အတွက် မေမေတို့တွေရဲ့ အာဟာရပြည့်ဝမှုတွေဟာ အရမ်းကိုအရေးကြီးတဲ့ကာလဖြစ်ပါတယ်နော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.